BEC-TERO TV

Oxford ကစမ်းသပ်ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လူ့ကိုယ်ခံအားကိုတုန့်ပြန်

21 Jul 2020     1,460 Views


လူပုဂ္ဂိုလ် ၁၀၇၇ ဦးထံ စမ်းသပ်ထိုးနှံပေးရာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ခဲ့ခြင်းကြောင့် လူသားစမ်းသပ်မှု အမြောက်အများ ထပ်မံပြုလုပ်တော့မည်

==========================

Oxford တက္ကသိုလ်က စမ်းသပ်ထုတ်လုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ဆေးကို လူသားအသုံးပြုစမ်းသပ်ရာမှာ လုံခြုံစိတ်ချမှုရှိခဲ့ပြီး ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် လူ့ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း ယနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ကြိုတင်ကာကွယ်ဆေးအတွက် လူသားစမ်းသပ်မှုကို လူပုဂ္ဂိုလ် ၁၀၇၇ ဦးဆီမှာ စမ်းသပ်ထိုးပေးခဲ့တာဖြစ်ပြီး ကာကွယ်ဆေးရဲ့အစွမ်းက လူသားရဲ့ T-cells နဲ့ ကိုယ်ခံစွမ်းအားကို ဗိုင်းရပ်စ်ကာကွယ်တိုက်ထုတ်ရေးအတွက် အားပေးတုန့်ပြန်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ယခု စမ်းသပ်တွေ့ရှိမှုဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် အဆိုးဆုံးရင်ဆိုင်နေရမှုကို ရပ်တန့်နိုင်ရေး ကြီးမားတဲ့ခြေလှမ်း တစ်ရပ်ကို လှမ်းနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအောင်မြင်မှုဟာ နောက်ထပ်များပြားတဲ့ လူပုဂ္ဂိုလ်တွေမှာ စမ်းသပ်ဖို့အတွက် ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပြီး အကယ်၍ အောင်မြင်ခဲ့ပါက အချိန်တိုအတွင်း ပမာဏများပြားတဲ့ ကာကွယ်ဆေးတွေကို ထုတ်နိုင်မှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံကတော့ လတ်တလောမှာ ဒီကာကွယ်ဆေး သန်း ၁၀၀ ကို ဝယ်ယူဖို့ အမှာစာပို့ထားပြီးဖြစ်တယ်လို့ လည်း ဆိုပါတယ်။ ChAdOx1 nCoV-19 လို့ အမည်ရတဲ့ အဆိုပါ ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်‌ဆေးကို ယခုထက်ပိုတဲ့ အရှိန်နဲ့ စမ်းသပ်မှု တိုးပြီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Credit : မောင်မောင်

#popolay #popolaytv #news #covid #vaccine #Oxford


21 Jul 2020     1,460 Views




RELATED

Most Popular of International News

Most Popular of NEWS