ကျိုက်ထီးရိုးတောင်ပေါ်တွင် မိုးရာသီ(ကိုဗစ်.၁၉)ကာလအလုံပိတ်ထားခဲ့သည့် အထည်ဆိုင်မီးလောင်မှုဖြစ်ပွား
21 Jul 2020 1,375 Views
ကျိုက်ထီးရိုးဆံတော်ရှင်စျေးတန်းကျီးပါးစပ်သို.သွားရာ လင်းလွန်းပင်စခန်းအနီးရှိအထည်စတိုးဆိုင်တစ်ဆိုင် ဇူလိုင် ၂၀ ရက် နေ့ မွန်းလွှဲ (၂း၃၀)နာရီအချိန်ခန့်ကမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်အား ရင်ပြင်တော်စခန်းအုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦး(ရာအိမ်မှူး)ထံဖုံးဆက်သွယ်မေးမြန်းစုံစမ်းခဲ့ရာ "စန်းသော်တာ" အမည်ရှိအထည်စတိုးဆိုင်ဖြစ်ကြောင်း တစ်ဆိုင်တည်းသာလောင်ကျွမ်းခဲ့တာဖြစ်တယ်လို.ဆိုပါတယ်။ အခင်းဖြစ်ဆိုင်မှာ(ကိုဗစ်-၁၉)ကာလဖြစ်နေလို့ လူမနေဘဲပစ္စည်းများသိမ်းဆည်းထားခဲ့ပြီးဆိုင်ကိုအလုံပိတ်ထားကြောင်း လျှပ်စစ်မီးများကိုလည်းဂေါပကအဖွဲ့မှဖြတ်တောက်ထားခဲ့တယ်လို့လည်းအတည်ပြုပြောဆိုခဲ့ပါတယ်။
အဆိုပါမီးကိုတော့လောင်ကျွမ်းချိန်(၃၅)မိနစ်ခန့်အကြာမှာထိန်းသိမ်းငြိမ်းသတ်နိုင်ခဲ့ကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖို့းကိုတော့ မသိရသေးကြောင်းသိရှိရသည်။ မီးစတင်လောင်ကျွမ်းမှုကိုတော့သက်ဆိုင်ရာကစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။
Credit : ရန်နိုင်ဦး(ကျိုက်ထို)
#popolay #popolaytv #news #ကျိုက်ထီးရိုး #မီးလောင်မှု