BEC-TERO TV

အရက်၊ ဘီယာ၊ ဆေးလိပ် အပေါ် အခွန်နှုန်းတိုးကောက်မည်

16 Jul 2020     1,666 Views


ဆေးပေါ့လိပ်၊ စီးကရက်၊ အရက်နှင့် ဝိုင်များအပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ဇူလိုင် ၁၃ ရက်က ပြောသည်။

“နိုင်ငံတော်ရဲ့ကျန်းမာရေးမူဝါ’ဒများနဲ့ ကိုက်ညီစေရန်အထူးကုန်စည်ခွန်အဖြစ်နဲ့သတ်မှတ်ထားတဲ့ စီးကရက် အရက်နဲ့ဝိုင်များအပေါ်မှာ ကောက်ခံသည့်အထူးကုန်စည် နှုန်းထားများကို ယခင်နှစ်များကဲ့သို့ငွေကြေး ဖောင်းပွမှုနှုန်း အပေါ်မှာမူတည်ပြီးတော့ တိုးမြင့်သတ်မှတ်ပေးထားပါတယ်ထို့အတူ ဆေးပေါ့လိပ်အပေါ်မှာ ကောက်ခံတဲ့ အထူးကုန်စည် နှုန်းထားများကို တိုးမြင့်သတ်မှတ်ထားပါတယ် နိုင်ငံတော်ရဲ့ကျန်းမာရေးမူဝါဒများ နဲ့လည်း ကိုက်ညီမှုရှိပါတယ်” ဟု ၄င်းကဆိုသည်။

၂၀၁၉ ပြည် ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၂၅ တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများ အပေါ် ကောက်ခံသည့် ဝင်ငွေခွန် နှုန်းထားကို လျှော့ချသတ်မှတ် ထားခြင်းကို ယခုနှစ်ပြည်ထောင် စု၏ အခွန်အကောက်ဥပဒေကြမ်း တွင် ပယ်ဖျက်ထားကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

အထူးကုန်စည်များဖြစ်သည့် အရက်၊ စီးကရက်၊ ဝိုင် အမျိုးမျိုးတို့အား သတ်မှတ်ထားသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီး ရောင်းချရန်သတ်မှတ်ထားကာ အမှတ်တံဆိပ်ကပ်နှိပ်ခြင်းမရှိသည့် အထူးကုန်စည်များ၊ ကုန်စည်အတုများ၊ အမှတ်တံဆိပ်အတုများပြုလုပ်၍ အထူးကုန်စည်များအပေါ်တွင် ကပ်နှိပ်ရောင်းချကြောင်းသိရှိပါက ပြည်တွင်းအခွန်များဦးစီးဌာနသို့ တိုင်ကြား နိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ အရက်၊ ဘီယာနှင့် ဝိုင်များအား လက်လီ/လက်ကားရောင်းချသူများအနေဖြင့် FL-11 နှင့် FL-12 လိုင်စင်များရယူထားရန်၊ စားသောက်ဆိုင်၊ ဟိုတယ်နှင့် ကလပ်များတွင် ရောင်းချသူများအနေဖြင့် FL-15, FL-16 နှင့် FL-17 လိုင်စင် ရယူထားရန် လိုအပ်သည်။

#popolay #popolaytv #business #အရက် #ဘီယာ #ဆေးလိပ် #အခွန်


16 Jul 2020     1,666 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS