ဘိုကလေးတွင် မိကျောင်း ကိုက်မှုထပ်မံဖြစ်ပွား
15 Jul 2020 1,373 Views
၁၄.၇.၂၀၂၀ နေ့ ည (၆း၀၀)အချိန်က ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင်နေထိုင်သော ကိုမျိုးဇော် (ဘ)ဦးမောင်ဦး (အမိ)ဒေါ်မြ ၊အသက်(၃၃)နှစ်သည် လယ်တောမှပြန်လာပြီး အိမ်ရှေ့ချောင်းထဲတွင်ရေဆင်းချိုးခဲ့ပါသည်။ ချောင်းမှာ ၁၂ ပေခန့်ကျယ်ပြီး ရေစစ်ချိန်တွင် ရင်ဘတ် လောက်သာနက်ပါသည်။
ရေချိုးနေစဉ် ဝဲဖက်ခြေသလုံးအား မိကျောင်းမှ စကိုက်ပြီးဆွဲသွားစဉ် ၊ ယာဖက်ခြေသလုံးဖြင့် မိကျောင်း၏ ဦးခေါင်းအားကန်လိုက်ရာ ညာဖက်ခြေသလုံးအား ထပ်မံကိုက်ပြီး ရေထဲသို့ ဆင်းသွားပါသည်။ မိချေင်းကိုက်ခြင်းကြောင့် ဝဲ/ယာ ခြေထောက်များတွင်ဒဏ်ရာများရရှိခဲ့သည်။
ဒဏ်ရာများမှာ
၁။ဝဲဖက် ဖနောင့်ကြော စုတ်ပြဲဒဏ်ရာ၊ ဖနောင့်ကြောပြတ်ထွက်သွား၊အလျား ၅ လက္မခန့်ရှိ၊
၂။ဝဲဖက် ခြေဖဝါးပေါက်ပြဲဒဏ်ရာ ၃ ခု၊အလျား ၁ လက္မခန့်ရှိ၊
၃။ယာဖက် ဒူးအောက်စုတ်ပြဲဒဏ်ရာတစ်ခု၊ အလျား ၄ လက္မခန့်ရှိ၊
၄။ယာဖက်ခြေသလုံး စုတ်ပြဲဒဏ်ရာ ၃ ခု၊ အလျား တစ်လက္မခန့်ရှိ၊
၅။ယာဖက်ခြေချင်းဝတ် အတွင်းဖက် ပေါက်ပြဲဒဏ်ရာတစ်ခု၊အလျား တစ်စင်တီမီတာခန့်ရှိ ပါသည်။ ရရှိသောဒဏ်ရာများအား ကဒုံကနိတိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေလျှက် ရှိကြောင်း သိရပါသည်။
Credit : Nyan Min
#popolay #popolaytv #news #ဘိုကလေး #မိကျောင်း