BEC-TERO TV

မိထ္ထီလာမြို့ ရဲဓမ္မာရုံအတွင်းမှ ခိုးယူခံရခဲ့ရသည့် ၆လုံးပြူးသေနတ် ၎င်းကျည် ၂တောင့်နှင့်အတူ လူ၃ယောက်ဖမ်းဆီးရမိ

15 Jul 2020     1,417 Views


ဇူလိုင် ၁၄၊ ည ၁၀း၄၀ မိတ္ထီလာခရိုင် (ဒန)မှ ရဲတပ်ကြပ်ကြီး အောင်သန်းဆွေ၏ သတင်းစုံစမ်းချက်အရ နယ်မြေ (၁၆) ရန်မျိုးအောင်ရပ်ကွက် မိတ္ထီလာမြို့နေ ဘုန်းမြင့်နိုင်(ခ)ကိုဘုန်း၏ နေအိမ်တွင် ပျောက်ဆုံးသွားသော A-26022 ၃၈ ဗို့ ခြောက်လုံးပြူး သေနတ် ၁လက်နှင့် ၎င်းကျည် ၂တောင့်ရှိကြောင်း သတင်းအရ ထီလာခရိုင် (ဒန)ခေါင်းဆောင် ရဲအုပ် အောင်ကျော်မိုး နှင့် အဖွဲ့သည် သက်သေများနှင့်အတူ ၎င်းနေအိမ်အားဝင်ရောက်ရှာဖွေရာ မသင်္ကကာတရားခံ ဘုန်းမြင့်နိုင် (ခ) ကိုဘုန်းအား မတွေ့ရှိရသော်လည်း မိခင်ဖြစ်သူ ဒေါ်ခင်စန်းဝင်း အသက်၅၅နှစ် (ဘ) ဦးမြမောင် (မှတ်ပုံတင်မမှတ်မိ) ဗမာ/ဗုဒ္ဓ စျေးရောင်း မင်္ဂလာဇေယျုံ ၂ လမ်း ရန်မျိုးအောင်ရပ်ကွက် မိတ္ထီလာမြို့နေသူကို တွေ့ရှိမေးမြန်းရာ သားဖြစ်သူ ဘုန်းမြင့်နိုင်(ခ) ကိုဘုန်းပေးအပ်ထားသော သေနတ်အား အိမ်အောက်ထပ်ရှိ ကြောင်အိမ်အောက် ဇလုံထဲတွင် ပုဆိုးဖြင့်ပတ်လျှက်ထားရှိရာ ရဲလာရှာမည်စိုးရိမ်၍ ၎င်းနေသည့် တအိမ်ကျော်တွင်နေထိုင်သည့် သမီးဖြစ်သူ နေအိမ်တွင် သွားရောက် ဝှက်ထားခဲ့ကြောင်းပြောပြ ယူဆောင်အပ်ပေး သဖြင့် ဇူလိုင် ၁၄၊ ည ၁၀း၄၀ အချိန်တွင် သိမ်းဆည်းရမိခဲ့ပါသည်။ မသင်္ကာတရားခံ ဘုန်းမြင့်နိုင် (ခ) ကိုဘုန်း ၂၂နှစ် (ဘ)ဦးညိုကြီး ဗမာ/ဗုဒ္ဓ ရန်မျိုးအောင်ရပ်ကွက်နေသူအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ရန်မျိုးအောင်ရပ်ကွက် ၅ လမ်းတွင် သိန်းပြည့်စုံ (ခ)ငသိန်း အသက် ၁၉နှစ် (ဘ) ဦးသိန်းဝင်း လျှပ်စစ်နေ့စားဝန်ထမ်း ဝန်ဇင်းရပ်ကွက်နေသူ နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။ အမှုမှ မသင်္ကာတရားခံ ဘုန်းမြင့်နိုင် (ခ) ကိုဘုန်း သိန်းပြည့်စုံ (ခ) ကိုသိန်း နှင့် ဒေါ်ခင်စန်းဝင်းတို့အား ရဲလုပ်ငန်းစဉ်နဲ့အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

Khin ko Lat & KMT

#popolay #popolaytv #crime #မိထ္ထီလာ #ရဲဓမ္မာရုံ


15 Jul 2020     1,417 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS