အွန်လိုင်းအလုပ်ကိုင်ဈေးကွက်အတွင်းစာရင်းကိုင်၊ အရောင်းစာရေးနှင့်အိုင်တီအလုပ် များခေါ်ယူမှုအများဆုံးဖြစ်လာ
01 Oct 2015 1,429 Views
အခုနောက်ပိုင်းမှာအွန်လိုင်းကတဆင့်အလုပ်ကိုင်ရှာဖွေမှုများလာပြီးလက်ရှိမှာတော့ အွန်လိုင်းအလုပ်ကိုင်ဈေးကွက်အတွင်းစာရင်းကိုင်၊ အရောင်းစာရေးနှင့်အိုင်တီအလုပ် တွေမှာခေါ်ယူမှုအများဆုံးဖြစ်လာတယ်လို့ အွန်လိုင်းအလုပ်ကိုင်ဈေးကွက်နဲ့ပတ်သက် ပြီးပြည်တွင်းအလုပ်ကိုင်ရှာဖွေရေးဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ work.com.mm ရဲ့ သြဂုတ်လ စစ်တမ်းအရသိရပါတယ်။အဲဒီစစ်တမ်းအရစာရင်းကိုင်၊ အရောင်းစာရေးနဲ့အိုင်တီအလုပ် တွေမှာအလုပ်ခေါ်ယူသူနဲ့လျှောက်ထားသူဟာအလုပ်အားလုံးရဲ့(၈၀)ရာခိုင်နှုန်းလောက်ထိရှိနေတယ်လို့ဆိုပါတယ်။အိုင်တီကဏ္ဍခေါ်ယူလျှောက်ထားတာတွေများလာတာ ဟာပြည်တွင်းဆက်သွယ်ရေးနည်းပညာဆိုင်ရာလုပ်ငန်းတွေ၊ ၀န်ဆောင်မှုလုပ်ငန်းတွေ များလာတဲ့အပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတဲ့အတွက်ကြောင့်ဖြစ် တယ်လို့လည်းသိရပါတယ်။