ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်လျှောက်ထားမှုကို အွန်လိုင်းမှ လုပ်ဆောင်နိုင်ရန် စီစဉ်နေ
13 Jul 2020 1,517 Views
ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်လျှောက်ထားမှုကို အွန်လိုင်းမှ လုပ်ဆောင်နိုင်ရန် စီစဉ်နေ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် လိုင်စင်လျှောက်ထားခြင်းနှင့် လိုင်စင်သက်တမ်း တိုးခြင်းကို အွန်လိုင်းမှလုပ်ဆောင် နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးကပြောထားပါတယ် ။ E licensing ဟု ခေါ်ဆိုသည့် အဆိုပါ အွန်လိုင်းစနစ်သည် လျှောက်လွှာတင်သည်မှအစ ငွေ ပေးချေသည့်အဆုံး အင်တာနက် ကွန်ရက်ပေါ်မှသာ လုပ်ဆောင် ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
အခုချိန်က နည်းပညာကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတဲ့အချိန်ဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်းဥပဒေအရ ခရီးသွားလုပ်ငန်း နှင့် သက်ဆိုင်သည့် လိုင်စင်ထုတ် ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနက စိစစ်ပေးမည်မဟုတ် ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဖွဲ့စည်းထားသည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီက စိစစ်ထုတ်ပေးခြင်းလည်း ဖြစ်ပါတယ် ။ ဒေသဆိုင်ရာ ခရီး သွားလုပ်ငန်း ကော်မတီအနေဖြင့် လိုင်စင်ဆိုင်ရာ စိစစ်ထုတ်ပေး ခြင်းတွင် အသုံးပြုနိုင်ရန် e licen-sing စနစ်ကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်ဟု ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်က ပြောထားပါတယ် ။
‘လက်ရှိဘယ်လိုလုပ်နေလဲ၊ နည်းပညာနဲ့ ဘယ်လိုလုပ်ပေးနိုင် မလဲ၊ ဒီလိုဆွေးနွေးနေတာ။ အကြံပြုချက်တော့လာနေပြီ။ ဘယ် ဘဏ်နဲ့ချိတ်မယ် စသည်ဖြင့်၊ ဘယ်ကုမ္ပဏီကို အပ်မလဲ။ အဲဒါက မရွေးရသေးဘူး’’လို့လည်း ပြောထားပါသည်။ တိုင်းဒေကြီးနှင့် ပြည်နယ် အလိုက် ဖွဲ့ စည်းထားသည့် ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီသည် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင်၊ ခရီး လှည့်လည်ရေး လုပ်ငန်းလိုင်စင်၊ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်း လိုင်စင်နှင့် ဧည့်လမ်းညွှန်လိုင်စင် တို့ကို အသစ်လျှောက်ထားခြင်း ၊ သက်တမ်းတိုးခြင်းများကို လက် ရှိတွင် ပုံမှန်စာရွက်စာတမ်းစနစ် ဖြင့် စိစစ်ထုတ်ပေးနေသည်။ e licensing စနစ်ကို ၂၀၂ဝအတွင်း အကောင်အထည်ဖော်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဦးဇေယျာမျိုးအောင်က ပြောထားပါ သည်။