BEC-TERO TV

ရန်ကုန်၌ ရောဂါပိုးကာလအတွင်း ပထမဆုံးပန်းချီပြပွဲ စတင်ပြသ

02 Jul 2020     1,373 Views


COVID - 19 ရောဂါကပ်ဘေးကြောင့် ၃ လ ကျော်လောက် ပန်းချီပြပွဲတွေ ရပ်နားထားရာက ဇူလိုင် ၁ ရက်နေ့က ရန်ကုန် အင်းစိန်မြို့နယ် Artist Smile ပြခန်းမှာ ပန်းချီဆရာ နီပိုဦးရဲ့ ပန်းချီပြပွဲကို ပထမဆုံးအကြိမ် ပြန်လည် စတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ ပြပွဲမှာ ပန်းချီကားပေါင်း ၁၀၀ ကို ခင်းကျင်းပြသထားပြီး အရွယ်အစား အကြီးအသေးအလိုက် ပန်းချီကား တစ်ချပ်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၃၅၀၀ အထိ ရောင်းဈေး သတ်မှတ်ထားပါတယ်။

ပန်းချီ နီပိုဦးရဲ့ ၃ ကြိမ်မြောက်ပြပွဲကို အမှတ် ၃၁ မင်္ဂလာလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်မှာ ဇူလိုင် ၁ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပြသသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ COVID - 19 ကာလဖြစ်တာမို့ ပန်းချီကား လာရောက်ကြည့်ရှုသူတွေ ကျန်းမာရေးနဲ့အညီ ကြည့်ရှုနိုင်ဖို့အတွက်လည်း စီစဉ်ပေးထားတယ်လို့ သိရှိရပါတယ်။


02 Jul 2020     1,373 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS