လူမှုမီဒီယာ မှကြော်ငြာများကို Starbucks ဆိုင်းငံ့
30 Jun 2020 1,484 Views
အမုန်းစကား ကိစ္စကို တုံ့ပြန်၍ လူမှုမီဒီယာ ပလက်ဖောင်းအချို့ပေါ်တွင် ကြော်ငြာခြင်းများကို ဆိုင်းငံ့ မည်ဟု တစ်ကမ္ဘာလုံးတွင် ကော် ဖီဆိုင်များ ဖွင့်လှစ်ထားသော Starbucks ကုမ္ပဏီက ပြောကြားသည်။
မကြာသေးမီက လူမှုမီဒီယာ ပလက်ဖောင်းများပေါ်မှ ကြော် ငြာများကို Coca-Cola, Digneo နှင့် Unilever အပါအဝင် ကမ္ဘာ့ အမှတ်တံဆိပ်များစွာ ဖယ်ရှားခဲ့ ပြီးနောက် ယင်းကော်ဖီကုမ္ပဏီ ကြီးလည်း ပါဝင်လာခြင်းဖြစ် သည်။ လူမှုမီဒီယာအပေါ် ကြော် ငြာများ ရပ်တန့်မှုမှာ ဂူးဂဲလ်က ပိုင်ဆိုင်သော YouTube မပါဝင် ကြောင်း Starbucks ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
လူမှုအသိုင်းအဝိုင်းများကို ပြင်ပတွင်ဖြစ်စေ၊ အွန်လိုင်းတွင် ဖြစ်စေ အတူတကွ ပေါင်းစည်းမှု ကို မိမိတို့ လိုလားသည်ဟု Star-bucks က ထုတ်ပြန်ချက်တစ်ရပ် တွင် ပြောကြားသည်။ အမုန်းစကားများ ပျံ့နှံ့မှုကို ရပ်တန့်ရေး မိမိတို့အနေဖြင့် ကုမ္ပဏီတွင်း၌ ဆွေးနွေးမည်ဖြစ် ကာ လက်တွဲဖော်မီဒီယာကုမ္ပဏီ များ၊ လူမှုအခွင့်အရေးအဖွဲ့အ စည်းများနှင့်လည်း ဆွေးနွေးမည် ဟုလည်း Starbucks က ပြော ကြားသည်။
ထို့အပြင် ကြော်ငြာမဟုတ် သော ပို့စ်များကို လူမှုမီဒီယာပေါ် ဆက်လက်ဖော်ပြမည်ဟုလည်း ၎င်းတို့က ဖော်ပြသည်။ လူမှုမီဒီယာကုမ္ပဏီများအ နေဖြင့် ပိုမို၍ တာဝန်ခံမှုရှိရေး Coca-Cola က တိုက်တွန်းခဲ့ပြီး နောက် Starbucks ၏ ကြေညာ ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လူမှုမီဒီယာအားလုံးပေါ် တွင် တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် ကြော်ငြာများ ရပ်တန့်ထား မည်ဟု Coca-Cola က ပြော ကြားသည်။
ထိုအတောအတွင်း အမုန်း စကားဖယ်ရှားရေး ဖေ့စ်ဘွတ်ခ် အား ဖိအားပေးရန် တစ်ကမ္ဘာလုံး တွင် တိုက်ပွဲဆင်နွှဲမည်ဖြစ် ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် ကြော် ငြာခြင်း၊ သပိတ်မှောက်ရေးကို စည်းရုံးလှုံ့ဆော်သော Common Sense Media အမှုဆောင်အရာ ရှိချုပ် ဂျင်မ်စတေဖာက ပြောကြားသည်။