BEC-TERO TV

ပဲခူးမြို့ KTV တစ်ခု၌ အမျိုးသားတစ်ဦး သီချင်းဆိုနေစဉ် အမောဖောက်သေဆုံး

26 Jun 2020     1,634 Views


ပဲခူးမြို့တွင် KTV တစ်ခု၌ အမျိုးသားတစ်ဦး သီချင်းဆိုနေစဉ် အမောဖောက် သေဆုံးခဲ့ကြောင်း သိရသည်။ ဇွန် ၂၃ ရက် ည ၁၁ နာရီခွဲခန့်က ပဲခူးမြို့ရှိ KTV တွင် သီချင်းဆိုနေသော အမျိုးသား တစ်ဦးမှာ အမောဖောက်၍ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥသာမြို့သစ်နေ အသက် ၃၂ နှစ်အရွယ် အမျိုးသား တစ်ဦးသည် မဇင်းရပ်ကွက် ပဲခူးမြို့နေ သူငယ်ချင်း ဖြစ်သူနှင့်အတူ ဇွန် ၂၃ ရက်ည ၉ နာရီခွဲခန့်က ကေတီဗွီသို့ ရောက်ရှိပြီး သီချင်းသီဆိုကာ DUNFIFE ဝီစကီအရက် နှစ်ပုလင်းနှင့် ကိုကာကိုလာ အချိုရည်ဘူးကြီးနှစ်ဘူး မှာယူသောက်ခဲ့ကြောင်း၊ ထိုသို့ အရက်သောက်စား သီချင်းသီဆိုနေစဉ် ည ၁၁ နာရီခန့်တွင် သေဆုံးသူမှာ အသက်ရှုကြပ်ပြီး အမောဖောက်လာသဖြင့် ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံး သွားကြောင်း သိရသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ ပြောကြားချက်အရ သေဆုံးသူ အမျိုးသားမှာ သွေးတိုးရောဂါအခံရှိသူ ဖြစ်ကြောင်း သိရပြီး ပဲခူးမြို့ အမှတ် (၃) နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၂၀ ဖြင့် အမှုဖွင့်ထားကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Credit : မောင်အေး

#popolay #popolaytv #news #Bago #KTV


26 Jun 2020     1,634 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS