မြန်မာနဲ့ ကမ်းလွန်ရေနံတူးဖော်ရေး အိန္ဒိယက ဒေါ်လာသန်းတရာကျော် ထပ်တိုးမည်
26 Jun 2020 1,385 Views
မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင် ရွှေသဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ အမေရိကန်ဒေါ်လာ ၁၂၁ သန်း ထပ်မံရင်းနှီးမြှုပ်နှံဖို့ အိန္ဒိယအစိုးရက သဘောတူလိုက်ပါတယ်။ မြန်မာ့ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက် A-1 နဲ့ A-3 မှာ ထပ်မံရင်းနှီးမြှုပ်နှံဖို့ ၀န်ကြီးချုပ် နရင်ဒရာမိုဒီ အစိုးရက အတည်ပြုလိုက်တာပါ။
ဒါဟာ အိန္ဒိယအစိုးရရဲ့ အရှေ့မျှော် မူဝါဒရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဂျာဗာ ဒက္ကား က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အိန္ဒိယရဲ့ အမျိုးသား ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးဖြစ်တဲ့ ONGC က ၂၀ဝ၂ ခုနှစ်ကတည်းက ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းမှာ တောင်ကိုရီးယားနဲ့အတူ ပါ၀င်ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။
Photo: MOI Webportal Myanmar
#popolay #popolaytv #news #ရေနံ