မြဝတီမြို့တွင် နေအိမ်အတွင်း မိကျောင်းသားပေါက်များမွေးမြူထားသူ အမှုဖွင့်ခံရ
25 Jun 2020 1,470 Views
မြဝတီမြို့ရှိ နေအိမ် တစ်အိမ်တွင် ခွင့်ပြုချက်မရှိဘဲ မိကျောင်းသားပေါက်များမွေးမြူ ထားသူကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထား ကြောင်း မြဝတီမြို့နယ် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြဝတီမြို့ အမှတ်(၄) ရပ်ကွက် မဟာစည်လမ်းတွင် မိကျောင်းမွေးမြူထားသည်ဟု သတင်းရရှိသဖြင့် ဇွန်လ ၂၂ ရက်က ရဲတပ်ဖွဲ့၊သစ်တောဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ သွားရောက် စစ်ဆေးခဲ့ရာ နေအိမ်တစ်အိမ်တွင် မိကျောင်းသား ပေါက်သုံးကောင် မွေးမြူထား သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါမိကျောင်းများကိုလွန်ခဲ့သည့် ခြောက်လခန့်က မဲဆောက်မြို့ရှိဈေးမှ တစ်ကောင်လျှင် ဘတ်၁,၅၀၀ဖြင့် သုံးကောင် ဝယ်ယူခဲ့ပြီး နေအိမ်တွင် အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူထားခြင်းဖြစ်သည် ဟုဆိုသည်။ ‘‘သူကတော့ အရောင်းအဝယ် လုပ်ဖို့မဟုတ်ဘူး။ အလှမွေး ဖို့အတွက်လို့ ထွက်ဆိုတယ်’’ ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ မိကျောင်းသားပေါက်များ သည် ၂ ပေ ခြောက်လက်မအရွယ် ရှိပြီး အသက်(၇)လ အရွယ်ရှိ နေပြီဖြစ်သည်။ ခွင့်ပြုချက် မရှိဘဲ မိကျောင်းသားပေါက် မွေးမြူသူ ကိုရဲအောင်လင်းကို ဇီဝမျိုးစုံမျိုး ကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ် မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာဥပဒေ ၃၉ (ဈ)ဖြင့် မြ ဝတီမြို့ရဲစခန်းတွင် အမှုဖွင့်ထား သည်။ ဇီဝမျိုး စုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၃၉ (ဈ) အရ ပြည်ပမျိုး တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကို ဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ် ထားသောပစ္စည်းကို ဖြစ်စေ၊ ခွင့် ပြုချက်မရှိဘဲ တင်သွင်းခြင်း၊စိုက် ပျိုးခြင်း၊ (သို့မဟုတ်) လက်ဝယ် ထားရှိခြင်းပြုလုပ်ပါက မည်သူ မဆို သုံးနှစ်ထက်မပိုသောထောင် ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်နှစ်သိန်းမှ အများဆုံးကျပ် ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ လက်ရှိတွင် မိကျောင်းသား ပေါက် သုံးကောင်ကို မြဝတီမြို့ နယ် သစ်တောဦးစီးဌာနတွင်ထိန်း သိမ်းထားပြီး မိကျောင်းများထား ရှိရန်နေရာကို သစ်တောဦးစီးဌာန ရုံးချုပ်သို့ တင်ပြထားသည်။ Credit #popolay #popolaytv #news