ရှမ်းပြည်နယ်အစိုးရအဖွဲ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ကမ္ဘောဇဘဏ်နာယကနှင့်အဖွဲ့ တို့က ရှမ်း၊ပအိုဝ်း၊ဓနု၊ပလောင်တိုင်းရင်းသားများနေထိုင်ရာရပ်စောက်ဒေသသို့စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်း
24 Jun 2020 1,402 Views
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးစိုင်းရှန်တစ်လုံ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ကမ္ဘောဇဘဏ်နာယကဦးအောင်ကိုဝင်းနှင့်အရာထမ်းများ၊ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီဝင်များ၊ပရဟိတအဖွဲ့ဝင်များသည် ဇွန် (၂၃)ရက် တွင်ရပ်စောက်မြို့သို့ရောက်ရှိကြပြီးဘုရားဖြူကျေးရွာ၌ဓနုတိုင်းရင်းသားအခြေခံပြည်သူများအားစားနပ်ရိက္ခာထုပ်များနှင့်ငွေကျပ်(၁၀၀၀၀)စီတို့ကိုပေးအပ်လှူဒါန်းသည်။ ထို့နောက်လဲမားရွာသို့ရောက်ရှိပြီး၊ရှမ်း၊ပအိုဝ်း၊တိုင်းရင်းသားအခြေခံပြည်သူများအားစားနပ်ရိက္ခာထုပ်များနှင့်ငွေကျပ်(၁၀၀၀၀)စီတို့ကိုပေးအပ်လှူဒါန်းရာကမ္ဘောဇဘဏ်နာယကဦးအောင်ကိုဝင်းကလဲမားရွာအခြေခံပညာမူလတန်းကျောင်းရန်ပုံငွေအတွက်ငွေကျပ်(၁၅)သိန်း ကိုပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ဝန်ကြီးနှင့်အဖွဲ့သည်ရေဦးရွာ၊ဓနု၊ပလောင်တိုင်းရင်းသားများအားစားနပ်ရိက္ခာထုပ်များနှင့်ငွေကျပ်(၁၀၀၀၀)စီတို့ကိုလည်းကောင်း၊ဝက်ကျခဲရွာ ဓနု၊ပလောင်တိုင်းရင်းသားအခြေခံပြည်သူများအားစားနပ်ရိက္ခာထုပ်များနှင့်ငွေကျပ်(၁၀၀၀၀)စီတို့ကိုလည်းကောင်းအသီးသီးလှူဒါန်းပေးအပ်သည်။ ထိုမှတစ်ဆင့်ရပ်စောက်မြို့ရန်အောင်မြေကျောင်းနှင့် စျေးတန်းဘုန်းကြီးကျောင်းသို့ရောက်ရှိပြီးCOVID-19ကာလ ဆရာတော်၊သံဃာတော်များ ဆွမ်း၊ကွမ်း အခက်အခဲမရှိစေရန်အတွက်ဆန်၊ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းပြီးကမ္ဘောဇဘဏ်နာယကဦးအောင်ကိုဝင်းကစျေးတန်းဘုန်းကြီးကျောင်းဆွမ်းစားကျောင်းဆောင်ဆောက်လုပ်ရန်အတွက်အလှူငွေကျပ်သိန်း(၂၀၀)ကို လှူဒါန်းခဲ့သည်။ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည်ကမ္ဘောဇဘဏ်မှမတည်ငွေကျပ်သိန်း(၁၀၀၀၀)နှင့်အများပြည်သူများ၏လှူဒါန်းငွေများဖြင့်ရှမ်းပြည်နယ်အတွင်းတိုင်းရင်းသားပေါင်းစုံနေထိုင်ရာဒေသများသို့လည်းကောင်း၊စားနပ်ရိက္ခာများဆက်လက်ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပြီးCOVID-19ရောဂါကာကွယ်ကုသရေးအတွက်မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာသည့်ပြည်တော်ပြန်များအားစောင့်ကြည့်ရေးစခန်းများ၊တိုက်နယ်ဆေးရုံများ၊ကျေးလက်ဆေးပေးခန်းများသို့ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုနေရာအရောက်ဆက်လက်ထောက်ပံ့ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်သည်COVID-19ရောဂါကာကွယ်ရေး၊ကုသရေး၊ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်KBZ MS General Insurance၊KBZ Life၊Myanmar Airways International MAI နှင့် Air KBZတို့နှင့်လက်တွဲ၍ဖေဖေါ်ဝါရီလ(၂၆)ရက်မှစတင်ကာယနေ့အချိန်အထိငွေကျပ်သိန်းပေါင်း၄,၇၈၅၃သိန်းပေါင်း(လေးသောင်းခုနှစ်ထောင်ရှစ်ရာငါးဆယ့်သုံး) လှူဒါန်းထားပြီးဖြစ်ကြောင်းသိရှိရသည်။ Credit #popolay #popolaytv #news