BEC-TERO TV

အသက် ၁၇ နှစ်သာရှိသေးတဲ့အမျိုးသမီးရဲ့ တရားမဝင်ဖွင့်လှစ်ထားတဲ့သွားညှိကုသမှုဆေးခန်းအား အရေးယူ

24 Jun 2020     1,475 Views


လွန်ခဲ့တဲ့ရက်အနည်းငယ်က ထိုင်းနိုင်ငံ၊ နခွန်ရတ်ချစီမာ စီရင်စုရှိ၊ ရပ်ကွက်အတွင်း၌ တရားမဝင် ဆယ်ကျော်သက်အရွယ်များ၏ သွားညှိကုသမှုဆေးခန်းဖွင့်လှစ်ထားကြောင်း ပြည်သူများက သက်ဆိုင်ရာ မြို့မရဲဌာနသို့ အကြောင်းတိုင်ကြားလာခဲ့တယ်။ ချက်ချင်းဆိုသလို ရဲတပ်ဖွဲ့မှူးများ၊ ကျန်းမာရေးဌာနက ဝန်ထမ်းများနှင့် သက်ဆိုင်ရာသူများအားလုံးပါဝင်ပြီး အဆိုပါနေရာသို့ လိုက်လံစစ်ဆေးကြည့်သောအခါ ၎င်းဆေးခန်းသည် ဥပဒေနှင့်အညီ သွားဘက်ဆိုင်ရာဝန်ဆောင်မှုများဆောင်ရွက်ခွင့်ပြုလက်မှတ်မရှိဘဲ မှောင်ခိုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စုံစမ်းစစ်ဆေးမှုအရ အသက် ၁၇ နှစ်သာရှိသေးတဲ့ ၎င်းဆေးခန်းပိုင်ရှင်အမျိုးသမီး၏ ဝန်ခံချက်အရ ဆေးခန်းဖွင့်တာ ၆ လရှိသွားပါပြီ။ ဖေ့စ်ဘုတ်ခ်တွေမှာ ကြေငြာခဲ့ပြီး ဖက်ရှင်အလှသွားညှိပြုပြင်ဝန်ဆောင်မှုတွေ ပေးပါတယ်။ ဖောက်သည်တွေ များသောအားဖြင့်မှာ ဆယ်ကျော်သက်အရွယ်တွေ များပါတယ်။ ဝန်ဆောင်ခကတော့ ဘတ် ၆၀၀-၁၀၀၀ ခန့်အထိရှိတယ်ဟု ဆိုပါတယ်။ တာဝန်ရှိသူများက ဆေးခန်းရှိပစ္စည်းများစစ်ဆေးကြည့်သောအခါ သွားနှင့်ဆိုင်ရာကိရိယာများနှင့် ဖက်ရှင်အလှသွားညှိကိရိယာများစွာတို့ကို တွေ့ရှိရပြီး၊ ရက်ချိန်းထားတဲ့ဖောက်သည်များစာရင်းစာအုပ်တို့ကို သိမ်းယူထားလိုက်တယ်။ ထို့နောက် သွားနှင့်ခံတွင်းဆိုင်ရာဆေးကုသမှု အက်ဥပဒေအရ လုပ်ငန်းလိုင်စင်မှတ်ပုံတင်ခြင်း ခွင့်ပြုချက်လက်မှတ်မရှိဘဲ၊ တရားမဝင် အရွယ်မရောက်တဲ့ မှောင်ခိုဆေးခန်းဖွင့်လှစ်ထားခြင်း အမှုများနှင့် ကိုက်ညီသော ဥပဒေအရေးယူဆောင်ရွက်သွားရန် ဖမ်းဆီးထားလိုက်တယ်။ ဤကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာသွားနှင့်ခံတွင်းဆိုင်ရာတာဝန်ရှိသူများက ဤသို့အကြံပြုထားပါတယ်။ တရားမဝင်တဲ့၊ ကျွမ်းကျင်သူများထံမှမဟုတ်တဲ့၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးဝန်ထမ်းအမှန်အကန်မဟုတ်တဲ့သူတွေထံသို့ သွားအလှအပပြုပြင်ပြောင်းလဲပြုလုပ်တာတွေ၊ သွားညှိတာတွေ မပြုလုပ်ရန် တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခန့်မသင့်ရင် ပိုးဝင်တာ၊ စံနှုန်းမမီတဲ့ပစ္စည်းကိရိယာများကြောင့် အနရ္တာယ်များစွာရှိတာ အစရှိတဲ့ သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးပြဿနာများ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။


24 Jun 2020     1,475 Views




RELATED

Most Popular of International News

Most Popular of NEWS