BEC-TERO TV

ထူးထူးဆန်းဆန်း အသက် (၁၀)နှစ်စီကွာတဲ့အမွှာ မွေးဖွား

24 Jun 2020     1,441 Views


အသက် ၁၀ နှစ်စီကွာတဲ့အမွှာ လွန်ခဲ့တဲ့ရက်အနည်းငယ်တွင် တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်ရှိ အသက် ၄၁ နှစ်ရှိ အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးတွင် အသက် ၁၀ နှစ်စီကွာတဲ့ အမွှာသားယောင်္ကျားလေးတစ်ယောက် မွေးဖွားခဲ့တဲ့ ထူးဆန်းတဲ့အကြောင်းအရာတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ဟူပေမိခင်နှင့်ကလေးဆေးရုံမှ ဒေါက်တာ Dr. Zheng ၏ပြောကြားချက်အရ ဆေးပညာပိုင်းဆိုင်ရာရှုထောင့်မှပြောရမယ်ဆိုလို့ရှိရင် သူမရဲ့ အခုမွေးဖွားတဲ့ကလေးနှင့် သားအကြီးတစ်ယောက်နဲ့ဆိုရင် အမွှာညီအစ်ကိုချင်းဆက်စပ်တယ်လို့ ဆိုပါတယ်။ ဤကဲ့သို့သောပြောရခြင်းမှာ ဒီကလေး ၂ ယောက်က အသက်အပိုင်းအခြားအရ အချိန်ကာလ ၁၀ နှစ်စီတောင်ကွာခြားနေပေမယ့်လည်း နှစ်ယောက်စလုံးဟာ အအေးခံထားတဲ့ မမျိုးဥနှင့် အမျိုးသားသုတ်ပိုးကိုယူပြီး ဓာတ်ခွဲခန်းထဲတွင် ပေါင်းစပ်၍ရရှိလာသော သန္ဓေသားလောင်းကို သားအိမ်အတွင်းသို့ပြန်လည်ထည့်သွင်းပေးပြီး ကိုယ်ဝန်ဆောင်ခြင်းဖြစ်တဲ့ ဖန်ပြွန်သန္ဓေသားနည်း (IVF) ဖြင့်မွေးဖွားလာခဲ့တဲ့ကလေးတွေဖြစ်သောကြောင့် ဆိုပါတယ်။ ဒေါက်တာတွင် အခြားအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘဲ ဤကလေးနှစ်ယောက်ရဲ့ စစမွေးဖွားတဲ့ကိုယ်အလေးချိန်က တူညီနေတယ်လို့ ဆိုပါတယ်။ ဆရာဝန်၏ နောက်ထပ်ပြောကြားချက်အရ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ၎င်းဇနီးမောင်နှံသည် ကလေးရခက်ခဲတဲ့အခြေအနေရှိပြီး၊ သဘာဝနည်းလမ်းဖြင့်လည်း အကြိမ်ပေါင်းများစွာ မအောင်မြင်ခဲ့ပါသဖြင့် နောက်ဆုံးမှာ နည်းပညာများအားကိုးလာရတဲ့ ဖန်ပြွန်သန္ဓေသားနည်း (IVF) ဖြင့် ကိုယ်ဝန်ဆောင်ရန်ဆုံးဖြတ်လိုက်ခဲ့တယ်။ နောက်ဆုံးမှာ အောင်မြင်စွာဖြင့် ပထမသားဦးတစ်ယောက်ကို မွေးဖွားနိုင်ခဲ့တယ်။ ၁၀ နှစ်ကြာပြီးတဲ့နောက် နောက်ထက်ကလေးတစ်ယောက်လိုချင်၍ သားအကြီးကိုလည်း အဖော်ရှိရန် နောက်တစ်ခါဤနည်းလမ်းကို အသုံးပြုရန်ဆုံးဖြတ်လိုက်တယ်။ ထို့နောက် ဆေးရုံမှာ ဆရာဝန်တွေနဲ့တိုင်ပင်သောအခါ ဆရာဝန်များက သူမရဲ့အသက်အရွယ်ကြောင့် မအောင်မြင်နိုင်ကြောင်း အကြံပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံး၌ နောက်ထပ်ကလေးတစ်ယောက်လိုချင်တဲ့ သူမရဲ့ဆန္ဒပြည့်စုံသွားခဲ့တယ်။


24 Jun 2020     1,441 Views




RELATED

Most Popular of International News

Most Popular of NEWS