ကားထဲတွင် ၇ နာရီကြာပိတ်မိ၍ကံအကြောင်းမလှခဲ့သော ၂ နှစ်အရွယ်သမီးလေး
22 Jun 2020 1,454 Views
လွန်ခဲ့သောရက်အနည်းငယ်က ဂျပန်နိုင်ငံ အိဘာရာကိစီရင်စု ဆုကုဘာမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် သူ၏ ၂ နှစ်အရွယ်သမီးလေးကို ကားထဲတွင် ၇ နာရီကြာမေ့ကျန်ခဲ့ပြီးနောက် ကလေးသေဆုံးသွားခဲ့သော ဖြစ်ရပ်ဆိုးတစ်ခုကို ကလေးသူငယ်များရှိသောမိသားစုများ အားလုံးသတိပိုမိုထားနိုင်ရန် ဝေမျှပေးချင်ပါတယ်။ ဖြစ်စဉ်မှာ အဲ့ဒီနေ့မနက် ၈ နာရီအချိန်မှာ အသက် ၈ နှစ်အရွယ်သမီးကြီးအား ကားဖြင့် ကျောင်းသွားပို့ရင်းနဲ့ ထိုသမီးငယ်ကိုပါ ခေါ်သွားခဲ့ပါတယ်။ အကြီးမကိုကျောင်းပို့ပြီး အိမ်ပြန်ရောက်သော် အိမ်ထဲသို့တန်းဝင်ပြီး အလုပ်သွားလုပ်နေခဲ့ရာ လိုက်ပါသွားသောသမီးငယ်ကို ခေါ်ထုတ်ရန်လုံးဝမေ့ကျန်သွားခဲ့ပါတယ်။ ညနေ ၃ နာရီခန့် တွင် သမီးကြီးအားကျောင်းပြန်ကြိုရန်အချိန်လည်းရောက်သော် ကျောင်းမှာ အကြီးမကိုစောင့်နေရင်း၊ ဒေသစံတော်ချိန် ညနေ ၃:၂၀ ခန့်တွင် ဖခင်ဖြစ်သူသည် တိတ်ဆိတ်ငြိမ်သက်စွာနှင့်ထိုင်နေကာ အသက်မရှူတော့သော သူ့ရဲ့သမီးလေးကို ကား၏နောက်ဘက်ထိုင်ခုံမှာ တွေ့သွားပါတော့တယ်။ ချက်ချင်းဆိုသလို ဆေးရုံသို့အမြန်ပို့လိုက်ပေမဲ့လည်း သမီးငယ်လေးဟာ သေဆုံးသွားခဲ့ပါပြီ။