BEC-TERO TV

ဇနီးနှင့်သားသမီးတို့ထက် ဆင် ကိုမေတ္တာပိုသောသူ

19 Jun 2020     1,468 Views


လူသားနှင့်တိရိစ္ဆာန်တို့အကြား၌ရှိသော ချစ်ခြင်းမေတ္တာသည် တခါတရံမှာ ကြီးမားနက်ရှိုင်းလွန်းပြီး အိမ်ကမိန်းမနှင့်သားသမီးတောင် နားမလည်နိုင်လောက်အောင် ဖြစ်နိုင်ပါတယ်... ဒါကတော့ အိန္ဒိယနိုင်ငံ ဘီဟာ (Bihar) ပြည်နယ်ရှိ ရွာတစ်ရွာမှ “အဂ္ဂတာ အီမမ်” (Akhtar Imam) အမည်ရှိသော အသက် ၅၀ အရွယ်ရှိ မြေပိုင်ရှင်တစ်ဦးကဲ့သို့သော……။

သူသည် သူသေဆုံးသွားလျှင် သူမွေးမြူထားသော ဆင်နှစ်ကောင်အား ကြည့်ရှုစောင့်ရှောက်ပေးမည့်သူမရှိ၍ ခိုကိုးရာနေရာမဲ့ပြီး ဒုက္ခရောက်မှာစိုးရိမ်သဖြင့် အသက် ၂၀ နှစ်ရှိ “Moti” (ပုလဲ) အမည်ရှိဆင်နှင့် အသက် ၁၅ နှစ်ရှိ “Rani” (ဘုရင်မ) အမည်ရှိဆင် တို့အား ၁၅ ဧကကျယ်ဝန်းသော မြေကွက်ကို အမွေပေးထားခဲ့ပါတယ်။

ဤဆင်နှစ်ကောင်အား စမွေးဖွားကတည်းက သူပြုစုပျိုးထောင်လာခဲ့ရတာပါ။ ဆင်အမေကတော့ သေဆုံးသွားခဲ့ပါပြီး။ တစ်ချိန်တုန်းက မသမာသူတစ်စုက ညဉ့်နက်သန်းခေါင်ချိန်တွင် သူ့ကို လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားနေချိန်မှာ ဆင်နှစ်ကောင်က အော်ဟစ်မောင်းထုတ်ပြီး လူဆိုးများထွက်ပြေးသွားရသည့် အထိ အော်ဟစ်မောင်းထုတ်ခဲ့သောကြောင့် ပိုင်ရှင်ဖြစ်သူရဲ့အချစ်ကို ပိုမိုရသွားစေခဲ့ပါတယ်။

ဆင်နှစ်ကောင်သည် သူ၏ကယ်တင်ရှင်များဖြစ်ကြောင်း ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် မိသားစုဝင်သကဲ့သို့ ကောင်းကောင်းဂရုစိုက်ပေးပြီး မြေယာအများစုကိုလည်း အမွေပေးအပ်သွားတာပါ။ ဇနီးသည်နှင့်ကလေးကတော့ အိမ်တစ်လုံးနှင့် မြေကွက်ငယ် ရရှိသွားပါတယ်။

ဒီကိစ္စမှာ ဇနီးသည်နှင့်ကလေးများသည် အနည်းငယ်မကျေမနပ်မှုဖြစ်ပြီး စိတ်ကောက်ခဲ့ကြပါတယ်။ သတင်းမီဒီယာတွေနဲ့တောင် စကားမပြောဘဲ ငြင်းဆန်ခဲ့ကြပါတယ်။ ဆင်ပိုင်ရှင်အမျိုးသားကတော့ “လူသားတို့ရဲ့လောဘဟာ အဆုံးမရှိပါ၊ ကမ္ဘာကြီးတစ်ခုလုံးရသွားရင်တောင်မှ မလုံလောက်သေးဘူး” ဟု ခနဲ့ပြီးပြောဆိုသွားခဲ့ပါတယ်။

(ပိုပိုလေး)

 

 


19 Jun 2020     1,468 Views




RELATED

Most Popular of International News

Most Popular of NEWS