BEC-TERO TV

နောက်ဆုံးအခြေအနေရောက်နေပြီလို့ ထင်ထားတဲ့ကြားက မျက်စိပွင့် သတိပြန်လည်လာတဲ့ ဦးမန်းဝင်း

17 Jun 2020     1,459 Views


ပရိသတ်ကြီးရေ… ပြီးခဲ့တဲ့ ရက်ပိုင်းက ကျန်းမာရေးအခြေအနေအဆိုးဝါးဆုံးဖြစ်ခဲ့ပြီး မိသားစုဝင်တွေကတောင် နောက်ဆုံးအချိန်ရောက်ပြီလို့ ထင်မှတ်ထားခဲ့ကြတဲ့ ဦးမန်းဝင်းဟာ မျက်စိဖွင့် သတိပြန်လည်လာပြီလို့ သိရပါတယ်။

ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ဆေးရုံတက်ခွဲစိတ်ကုသမှုခံယူခဲ့ရာမှ ကျန်းမာရေးအခြေအနေဆိုးဝါးကာ သတိပြန်လည်မလာပဲ ရှိခဲ့တာ ရက်အတော်ကြာခဲ့ပါပြီ။ ဦးနှောက်သေသွားခဲ့တာကြောင့် နှလုံးခုန်သံကိုသာ စောင့်ကြည့်နေခဲ့ရပြီး နှလုံးခုန်သံပါရပ်သွားပါက အသက်ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့ကြောင့် မိသားစုဝင်တွေနှင့် နီးစပ်ရာမိတ်ဆွေ၊ အပေါင်းအသင်းများက ဦးမန်းဝင်း၏ကျန်းမာရေးဟာ နောက်ဆုံးအချိန်ရောက်ပြီလို့တောင် ထင်မှတ်ခဲ့ကြပါတယ်။

ဦးမန်းဝင်း၏ ဇနီးဖြစ်သူနှင့် သမီးဖြစ်သူများကလည်း ဖခင်အတွက် အလွန်ဝမ်းနည်းစိတ်မကောင်းကာ ယူကြုံးမရဖြစ်နေကြတာကို တွေ့ရပါတယ်။ သို့ပေမယ့် ပရိသတ်အားလုံးရဲ့ ပို့သပေးတဲ့မေတ္တာများကြောင့် ဦးမန်းဝင်းဟာဆိုရင် နှလုံးခုန်သံကိုသာ စောင့်ကြည့်နေရတဲ့စိုးရိမ်အနေအထားကနေ မျက်လုံးပွင့်ကာ သတိပြန်လည်လာပြီ ဖြစ်ပါတယ်။

ဦးမန်းဝင်းရဲ့ကျန်းမာရေးဟာ အနည်းငယ်ပြန်ကောင်းလာပြီဆိုတဲ့အကြောင်းကို  သတိပြန်လည်ကာ မျက်လုံးလေးပွင့်ပြီး ပုံမှန်အတိုင်းအသိလေးရှိနေသေးကြောင်းကို သမီးဖြစ်သူ ဟေမာမန်းဝင်းက “အခု အဖေက မျက်လုံးလေး ပြန်ပွင့်လာပြီ။ စကားတော့ မပြောနိုင်သေးဘူး၊ သတိကတော့ရှိတယ်။ ဒီအခြေအနေက နည်းနည်းကောင်းလာပြီဆိုတဲ့ သဘောပေါ့နော်။ တစ်မိသားစုလုံး အရမ်းဝမ်းသာနေပါတယ်” ဆိုပြီး သတင်းကောင်းလေးကို ဝမ်းသာအားရပြောကြားထားတာ တွေ့ရပါတယ်။

ဦးမန်းဝင်းတစ်ယောက် ကျန်းမာရေးအခြေအနေပိုမိုကောင်းလာစေဖို့ ပရိသတ်ကြီးက ဆုတောင်းမေတ္တာများ ထပ်မံပို့သပေးကြပါဦးနော်…

(ပိုပိုလေး)


17 Jun 2020     1,459 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS