ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းပြီးနောက် အခြေအနေတွေအားလုံးကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တဲ့ မယ်လိုဒီ
11 Jun 2020 1,753 Views
ပရိသတ်တွေကြား ရုတ်တရက်ဆိုသလို အံ့ဩတကြီးနှင့်မထင်မှတ်စရာတစ်ခုဖြစ်ခဲ့ရသည်မှာ သရုပ်ဆောင်မယ်လိုဒီတစ်ယောက် သူမခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ မိန်းကလေးတိုင်းကတောင် အားကျရတဲ့အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သားချောလေးတစ်ယောက်နှင့် အေးချမ်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားသူလို့ အများကထင်မှတ်ထားခဲ့ကြတာကြောင့် မယ်လိုဒီရဲ့သတင်းတစ်ရပ်က ပရိသတ်တွေကို အံ့ဩစရာဖြစ်စေခဲ့တာပါ။
မယ်လိုဒီက သူမခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုက်ပြီဆိုတဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ရက်ကမှ လူမှုကွန်ယက်ကနေ တရားဝင်ဖော်ပြခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ အကြောင်းအရင်းမှန်ကိုသိချင်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ယနေ့မှာတော့ မယ်လိုဒီက ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းပြီးနောက် အခြေအနေတွေအားလုံးကို ပွင့်ပွင့်လင်းလင်းပြောပြလာတာကို တွေ့မြင်ရပါတယ်။
“ကျွန်မယောက္ခမ ကမ္ဘာပေါ်မှာ ကျွန်မအပေါ် နားလည်ပေးနိုင်ဆုံးပါ…အတိတ်ဘဝကအမေလို့တောင် တင်စားထားတဲ့ မေမေပါ..ဘယ်လိုအနေအထားဖြစ်ဖြစ် ခံစားချက်ထပ်တူကျတဲ့မေမေပါ… ကျွန်မကို သမီးအရင်းလိုချစ်တဲ့မေမေပါ အမြဲတမ်း အမေလိုမျိုးချစ်သွားမှာပါ…
ကိုသာကောင်း မူးယစ်ဆေးဝါးကင်းရှင်း၊ လောင်းကစားကင်းရှင်း၊ မိန်းမကိစ္စကင်းရှင်း သူတစ်ယောက်တည်းဆို သူ့ဘဝက ပိုသာယာပါလိမ့်မယ်… စိတ်ပုတ် စိတ်ယုတ် မရှိပါဘူး… အပေါင်းအသင်းအပေါ်တော့ အလွန်တရာအားနာတတ်ပြီး မိသားစုထက် ပိုချစ်တယ်ထင်ရအောင် သိတတ်သူပါ.. မတူညီမူများစွာနဲ့ညှိမရလို့ အကြင်လင်မယားဘဝကနေ အရင်လို သူငယ်ချင်းဘဝကို ပြန်သွားလိုက်တာပါ.. မိတ်ပျက်ပြီးရန်သူဖြစ်စရာအကြောင်း ဘယ်တော့မှရှိလာမှာမဟုတ်ဘူး.. သားလေးကို ကျွန်မခေါ်ထားတယ် သားလေးကကျွန်မနဲ့နေတယ်.. ဒါပေမယ့် အဖေဆီကို တစ်ပတ်မှာ တစ်ညအိပ်တော့ ပေးသွားပါတယ်(တစ်ခါတစ်လေ ၂ည).. သူနဲ့ကျွန်မကြားမှာ ချစ်ခြင်း မုန်းခြင်း အငြိုးအတေး ဘာမှမရှိပါဘူး
အဲ့ဒီတော့ ထူးခြားဆန်းပြားတဲ့ သတင်းလဲမရှိပါဘူး.. ဖြစ်ပျက်သမျှ တရားဝင်အားလုံးလုပ်ပြီးသားပါ… မကြေငြာတာက မလိုအပ်ဘဲ ပူပန်နေကြမှာစိုးလို့ရယ် မလိုအပ်ဘဲ အကုသိုလ်ဖြစ်မှာစိုးလို့ပါ… ကျွန်မတို့တွေ အားလုံးအေးဆေးပါ.. သူနဲ့ကျွန်မ မောင်နှမအဖြစ် မိသားစုအဖြစ်ဆက်တည်ရှိနေမှာပါ.. ချစ်ခင်သောသူများအားလုံးကိုလည်း အေးဆေးစေချင်ပါတယ်
အကြိမ်ကြိမ်အခါခါ လပေါင်းများစွာ စဉ်းစားဆုံးဖြတ်ထားခဲ့တဲ့ကိစ္စမို့ ခုချိန်တည်ငြိမ်သူ မေမေမျိုးပါ.. ပူလောင်ခြင်းကင်းပြီး သားလေးကျောင်းကိစ္စဘဲလုပ်နေပါတယ်ရှင်.. သားအတွက် စိုးရိမ်ပေးလို့ကျေးဇူးအထူးတင်ပါတယ်ရှင်.. အကုသိုလ်ကင်း ကုသိုလ်အလင်း အစဉ်ထွန်းလင်းတောက်ပပါစေရှင်.. ၇ရက်သားသမီးအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်” လို့ ရေးသားပြောပြထားပါတယ်။
မယ်လိုဒီကတော့ သူမရဲ့ပြောစကားတွေအရ ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းခဲ့သည်မှာ လအနည်းငယ်ကြာပြီဟု ယူဆရပြီး ပရိသတ်တွေကိုတော့ အခြေအနေတွေတည်ငြိမ်သွားမှ ထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း သူမအနေဖြင့် ဘုရား၊တရားအလုပ်နှင့် သားလေးရဲ့ကိစ္စများကိုသာပြုလုပ်ပြီး အေးချမ်းတည်ငြိမ်နေပါပြီလို့လဲ ဆိုထားပါတယ်။
(ပိုပိုလေး)