iOS 13.5 အသစ်တွင် Covid-19 လူနာအား ထောက်လှမ်းနိုင်မည့် စနစ်ပါဝင်လာ
21 May 2020 1,564 Views

iPhone သုံးစွဲသူများအနေနဲ့ Covid-19 ကြောင့် မျက်နှာတွင် နှာခေါင်းစည်းများ ဝတ်ဆင်ထားရသဖြင့် မျက်နှာထောက်လှမ်းသည့်စနစ် Face ID ဖြင့် ဖုန်းကိုဖွင့်ရာတွင် အခက်ခဲဖြစ်ပေါ်နေသည့်အတွက် Apple က iOS 13.5 အသစ်ကို မေလ ၂၀ ရက်နေ့က Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။
iOS 13.5 မှာ လုပ်ဆောင်ချက် အသစ်နှစ်ခုပါဝင်လာပြီး တစ်ခုမှာ မျက်နှာတွင် နှာခေါင်းစည်း ဝတ်ဆင်ထားရင်း ဖုန်းကိုလွယ်ကူစွာဖွင့်နိုင်မည့် Face ID အသစ်နှင့် ကျန်တစ်ခုမှာ Apple နဲ့ Google တို့ ပူးပေါင်းပြီး ရေးဆွဲထားတဲ့ Covid-19 လူနာကို သိနိုင်မယ့် အချက်ပေးစနစ်တစ်ခု ဖြစ်ပါတယ်။
ယခင် iOS ဗားရှင်းတွင် မျက်နှာကို ဦးစွာထောက်လှမ်းပြီး၊ စက္ကန့်အနည်းငယ်ကြာအောင် ဖတ်လိုမရတော့မှ passcode ရိုက်ရန် တောင်းလာပါတယ်။ ယခု iOS 13.5 မှာတော့ ဖုန်းကို ပွတ်ဆွဲလိုက်တာနဲ့ တပြိုင်နက် မျက်နှာကိုထောက်လှမ်းသည့် စနစ်နဲ့အတူ passcode ကိုပါ ရိုက်ထည့်နိုင်မည့် ရွေးချယ်မှု အတူတူပေါ်လာမည်ဖြစ်တဲ့အတွက် စောင့်ဆိုင်းနေရန် မလိုတော့ပါ။
iOS 13.5 တွင် အသစ်ပါလာသည့် Covid-19 အချက်ပေးစနစ်မှာ Apple နဲ့ Google တို့ ပူးပေါင်းရေးဆွဲထားတဲ့ အချက်ပေး API စနစ်ဖြစ်ပြီး နိုင်ငံတစ်ကာ ကျန်းမာရေးအေဂျင်စီတွေနဲ့ ပူးပေါင်းကာ Covid-19 ကုသမှု ခံယူဖူးသူများကို ထောက်လှမ်းနိုင်ရန် စီမံထားခြင်းဖြစ်သည်။ ကိုယ်နဲ့ ဆက်သွယ်သူက Covid-19 ရောဂါ ကုသမှုခံယူဖူးသူဖြစ်ပါက ဖုန်းတွင်အချက်ပေးမည်ဖြစ်သည်။ သို့သော် ထိုအချက်ပေးစနစ်အတွက် App ကို သွင်းယူထားရန် လိုအပ်ပြီး အဆိုပါ App အနာဂါတ်တွင် အသုံးပြုနိုင်ရန် ရေးဆွဲနေပြီဖြစ်သည်။