BEC-TERO TV

ရင်ကြပ်ရောဂါသည်များ Mask မတပ်သင့်ကြောင်း ဆေးပညာရှင်များ သတိပေး

20 May 2020     1,860 Views


ရင်ကြပ်ရောဂါ သို့မဟုတ် အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များအနေနဲ့ နှာခေါင်းစည်း (Mask) မတပ်ဆင်သင့်ကြောင်း ယူကေအစိုးရနဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 မပြန့်ပွားအောင် ထိန်းချုပ်လျော့ချဖို့အတွက် လူထူထပ်တဲ့နေရာတွေ သွားတဲ့အခါ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်ရထားတွေ စီးတဲ့အခါ နှာခေါင်းစည်း တပ်ဆင်ကြဖို့ အစိုးရက ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။

သို့သော်ငြားလည်း အဆုပ်နဲ့ ပက်သက်ပြီး ရောဂါအခြေအနေတစ်ခုခု ခံစားနေရသူတွေကို ‘catch 22’ အဖြစ် အုပ်စုခွဲ အမည်သတ်မှတ်ထားပါတယ်။ ဒီလိုလူမျိုးတွေအတွက် နှာခေါင်းစည်းတွေက အသက်ရှုဖို့ ခက်ခဲစေပြီး သူတို့ရဲ့ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

အစိုးရအဖွဲ့ရုံး၏ တရားဝင်ထုတ်ပြန်ချက်တွင် “အကယ်၍ လုပ်နိုင်မယ်ဆိုရင်တော့ လေဟာပြင်လို နေရာမျိုးမဟုတ်တဲ့နေရာ အခန်းပိတ်ထဲရောက်တဲ့အခါ၊ တစ်ယောက်နဲ့ တစ်ယောက် လူခွာနေဖို့ ခက်ခဲတဲ့နေရာတွေ၊ ကိုယ်နဲ့မသိတဲ့လူတွေနဲ့ ဆုံတွေ့ရမယ့် အချိန်မျိုးတွေမှာတော့ နှာခေါင်းစည်းကို တပ်ဆင်ကြပါ။ ဒီအခြေအနေတွေက အများအားဖြင့်တော့ အချိန်တိုလေးတွေ ဖြစ်ပါတယ် ဘယ်လိုအချိန်မျိုးတွေလဲဆိုရင် ဥပမာအားဖြင့် ရထားတွေ၊ ဘတ်စ်ကားတွေ စီးရတဲ့အခါ ဈေးဆိုင်တွေမှာ ဈေးတယ်သွားတဲ့ အချိန်မျိုးတွေပါ”

“နှာခေါင်းစည်း Mask တွေကို အသက် ၂ နှစ်အောက် ကလေးတွေနဲ့ ဒီနှာခေါင်းစည်းတွေကို ဘယ်လိုမျိုးမှန်မှန်ကန်ကန် တပ်ဆင်ရမလဲဆိုတာ မသိတဲ့(မလုပ်နိုင်တဲ့) လူတွေမှာ မတပ်ဆင်သင့်ပါဘူး။ ဥပမာအားဖြင့် ဘေးနားက ထိန်းကျောင်းပေမယ့် အကူအညီမရှိတဲ့ ကလေးငယ်လေးတွေ ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်တွေ ဖြစ်ပါတယ်” ဟု ဆိုပါတယ်။

ဒီအကြံပေးချက်ကို ယူကေရင်ကြပ်ရောဂါဆိုင်ရာ အဖွဲ့ကြီးက နှာခေါင်းစည်းတပ်ဆင်တာဟာ အဆုပ်ထဲကို လေရှုသွင်းဖို့ ခက်ခဲတယ်လို့ ထောက်ခံသဘောတူထားပါတယ်။ ပရဟိတအဖွဲ့ကြီးရဲ့ အကြံပေးဖော်ပြချက်မှာ “အချို့သော ရင်ကြပ်ဝေဒနာရှင်တွေအတွက် နှာခေါင်းစည်းတပ်ဆင်ထားခြင်းက မလွယ်ကူတဲ့ ကိစ္စဖြစ်ပြီး အသက်ရှုဖို့ အရမ်းခက်တယ်” လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေကို အကယ်၍ နှာခေါင်းစည်းတပ်ဆင်ထားခြင်းအားဖြင့် နေရထိုင်ရ အခက်တွေစေတယ်ဆိုရင် မတပ်ကြပါနဲ့လို့ အကြံပြုထားပါတယ်။

အစိုးရရဲ့ အကြံပေးချက်ထဲမှာ အသက်ရှုရခက်တယ်ဆိုရင် နှာခေါင်းစည်းကို ပါးစပ်မှာသာ ကာကွယ်တပ်ဆင်ပြီး နှာခေါင်းကနေ အသက်ရှုသွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နှာခေါင်းစည်းကို မဝတ်ဆင်မီနဲ့ ဖြုတ်ခါနီး အချိန်တွေမှာ လက်ကို သေချာဆေးဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မလိုအပ်ပဲ မျက်လုံး၊ နှာခေါင်း နဲ့ ပါးစပ်တို့ကို မထိကြဖို့ အကြံပြုထားပါတယ်။

အကြားအာရုံချို့ယွင်းသူများနဲ့ ဆက်သွယ်ရာတွင် မိမိပါးစပ်လှုပ်သမျှကို တစ်ဖက်လူက လိုက်ဖတ်နိုင်ရန်အတွက် နှာခေါင်းစည်းအကြည်ကို တပ်ဆင်ကြဖို့ စွံမနားမကြားသူများအရေးလှုပ်ရှားနေတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့က အကြံပြုထားပါသေးတယ်။


20 May 2020     1,860 Views




RELATED

Most Popular of International News

Most Popular of NEWS