BEC-TERO TV

Covid-19 နဲ့ သေဆုံးသူရဲ့ ခေါင်းတလားဖွင့်မိသူ ဆွေမျိုးများ ဗိုင်းရပ်စ်ကူးစက်ခံရ

19 May 2020     1,681 Views


အင်ဒိုနီးရှားနိုင်ငံတွင် ဒေသခံအာဏာပိုင်များ သတိပေးတားမြစ်ထားတဲ့ကြားက Covid-19 ကြောင့် သေဆုံးခဲ့သူ တစ်ဦး၏ ခေါင်းတလားအား ဆွေမျိုးများကဖွင့်ကာ ရိုးရာဓလေ့အတိုင်း သင်္ဂြိုလ်ခဲ့ကြရာမှ ကိုရိုနာဗိုင်းရပ်စ် အပြန်အလှန်ကူးစက်ခံခဲ့ရသည်။

ပလပ်စတစ်များနဲ့ ပတ်ထားတဲ့ သေဆုံးသူရဲ့ အလောင်းကို ခေါင်းတလားထဲမှ ထုတ်ကာ ပလပ်စတစ်များကိုဖြည်ပြီး ရိုးရာအတိုင်း အလောင်းကို ရေချိုးပေးခဲ့ကြပြီးနောက် အနည်းဆုံး လူ ၁၅ ဦး Covid-19 ထပ်ဆင့်ကူးဆက်ခံရကြောင်း မေလ ၁၇ ရက်နေ့က သိရှိခဲ့ရသည်။

လွန်ခဲ့သည့်နှစ်ပတ်အကြာက Covid-19 ကြောင့် ဆေးရုံတွင်သေဆုံးခဲ့သူ၏ အလောင်းအား ဆွေမျိုးများက သင်္ဂြိုလ်ခွင့်ပြုပါရန် ပြန်လည်တောင်းခံခဲ့သဖြင့် ဆေးရုံက အလောင်းကို လုံခြုံအောင် ပလပ်စတစ်နဲ့ ထုတ်ပိုးပြီး သစ်သားအခေါင်းထဲ ထည့်သွင်းကာ ဂျာတီကျေးရွာသို့ ပြန်လည်ပေးပို့ခဲ့သည်။

ဒါပေမယ့် ရွာရှိဆွေမျိုးများက ရိုးရာအတိုင်း နာရေးကို ပြုလုပ်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ထပ်ဆင့်ကူးစက်ခံခဲ့ရသည်။

Covid-19 နှိမ်နင်းရေးအဖွဲ့က ရွာကိုချက်ခြင်းရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ၁၅ ဦးကို အတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ပြီး ဒါဇင်များစွာသော လူများအား စောင့်ကြည့်စာရင်းထဲ ထည့်ထားခဲ့သည်။ အဆိုပါဒေသတစ်ဝိုက်တွင် ကူးစက်ခံရသူများ နေ့စဉ်မြင့်တက်လျှက်ရှိပြီး နောက်ထပ် ၄၅ ဦးကို အတည်ပြုလူနာအဖြစ် ထပ်မံတွေ့ရှိထားကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ရွာ၏တစ်စိတ်တစ်ဒေသကို Lockdown ချထားပြီး ဗလီတွေမှာ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာတွေ မလုပ်ကြဖို့ကိုလည်း တားမြစ်ထားကြောင်း Asia One သတင်းတွင် ဖော်ပြပါရှိသည်။


19 May 2020     1,681 Views




RELATED

Most Popular of Special or Others

Most Popular of NEWS