BEC-TERO TV

သွေးကျဲဆေးတွေက Covid-19 အတွက် အသက်ကယ်ဆေး ဖြစ်လာနိုင်မလား?

19 May 2020     2,202 Views


ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အဓ်ကသေဆုံးရမှု၊ အထူးကြပ်မတ်ဆောင်ပို့ပြီး ကုသရတဲ့ထိ အခြေအနေဆိုးရွားမှုတို့ဟာ ခန္ဓာကိုယ်ထဲမှာ သွေးများခဲလာခြင်းနဲ့ ဆက်စပ်မှုရှိနိုင်တာကို တွေ့ရှိထားပါတယ်။

သွေးကျဲဆေးများက Covid-19 လူနာတွေ အသက်ရှင်ဖို့အတွက် ထိရောက်တဲ့ အခွင့်အရေးဖြစ်နိုင်သလို ဗန်တီလေတာသုံးပြီး ကုသရတဲ့ အခြေနေမျိုးထိမရောက်အောင် လျှော့ချပေးနိုင်တယ်လို့ လက်တလော အမေရိကန်သုတေသန လေ့လာတွေ့ရှိချက်မှာ အကြံပြုထားပါတယ်။

ဒီသတင်းကြောင့် ကမ္ဘာ့သတင်းမီဒီယာတွေက သွေးကျဲဆေး အမျိုးအစားတွေဖြစ်တဲ့ အက်စပရင်(aspirin) နဲ့ ဝါဖရင်(warfarin) တို့ဟာ Covid-19 ကုသရေးမှာ အသက်ကယ်ဆေးတွေအဖြစ် အောင်မြင်နိုင်ကြောင်း ရေးသားဖော်ပြနေကြပါတယ်။

ဒီကိစ္စဟာ သေချာပေါက်အတည်ပြုနိုင်ဖို့ စောနေသေးပေမယ့် လူ့ခန္ဓာကိုယ် ဖွံ့ထွားပြောင်းလဲမှု သုတေသနရဲ့ သက်သေအထောက်အထားတွေအရ Covid-19 ကြောင့် သွေးတွေဟာ ပုံမှန်မဟုတ်တဲ့အနေအထားတဲ့ သွေခဲလေးတွေဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ သွေးကျဲဆေးတွေက ကိုရိုနာဗိုင်းရပ်စ် ကုသရေးမှာ အထောက်အကူဖြစ်နိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

သွေးခဲတွေဟာ Covid toe လို့ခေါ်တဲ့ ခြေဖျားထိပ်လေးတွေ ယောင်ရမ်းတာကနေ ဦးနှောက်သွေးခဲတဲ့အထိ ဖြစ်တတ်တဲ့အတွက် သွေးခဲခြင်းဟာ Covid-19 ရဲ့ တစ်ကယ့်လူသတ်သမား အစစ်ဖြစ်ပါတယ်။ Covid-19 ကုသရေးမှာ သွေးကျဲဆေးက ဘာကြောင့် ဘယ်လို အသုံးဝင်သလဲဆိုတာကို သုတေသီတွေက ရှင်းပြထားပါသေးတယ်။

Covid-19 စဖြစ်ချိန်မှာ ပညာရှင်တွေအားလုံးက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်းနဲ့ အဆုပ်ထဲပိုဝင်ကာ အသက်ရှုရခက်ခဲလာတယ်ဆိုတာတွေကိုသာ အာရုံစိုက် သတိထားမိခဲ့ကြပါတယ်။

ဒါပေမယ့် အထူးကြပ်မတ်ဆောင်ရောက်လာပြီး ကုသမှုခံယူရတဲ့ Covid-19 လူနာ ၃၀% ကနေ ၇၀% ဟာ သွေးခဲလေးတွေ တိုးတက်များပြားလာတာကြောင့် ဖြစ်ပါတယ်။ သွေးခဲလို့ ဆေးရုံပေါ်ရောက်လာရတဲ့ Covid-19 လူနာတွေဟာ အခြားရောဂါလက္ခဏာ လူနာတွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက်က ခန့်မှန်းထားတာထက်တောင် ပိုများနေပါသေးတယ်။

သွေးကြောထဲမှာရှိတဲ့ ‌သွေးခဲလေးတွေဟာ မကြာခဏဆိုသလို ခြေထောက်တွေရဲ့ နက်ရှိုင်းတဲ့ သွေးကြောတွေထဲမှာ ပိတ်ဆို့နေတတ်ပါတယ်၊ အဲဒီနေရာကနေ ကျွတ်ထွက် ပြုတ်ထွက်သွားတဲ့ သွေးခဲလေးတွေဟာ အဆုပ်ထဲကို ဝင်ရောက်သွားပါတယ် ဒီလိုအခြေအနေမျိုးကို ဆေးပညာမှာ pulmonary embolism လို့ ခေါ်ပါတယ်။

Covid-19 လူနာ ၄ ယောက်မှာ ၁ ယောက်၊ အထူးကြပ်မတ်ဆောင်ပို့ပြီး ကုသမှုခံယူရတာက pulmonary embolism ကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် အဆုပ်ထဲက သွေးလွှတ်ကြောထဲမှာ သွေးခဲလေးတွေ သွားပိတ်ဆို့နေတာဖြစ်ပါတယ်။ Covid-19 နဲ့ ဆက်စပ်ပြီး သွေးလွှတ်ကြောမှာ သွေးခဲပိတ်ဆို့မှုကြောင့် လေဖြတ်တာမျိုးက ငယ်ရွယ်တဲ့ လူနာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

Covid-19 ကြောင့် သွေးခဲနှုန်းကို လျှင်မြန်စေတာကြောင့် Covid-19 နဲ့ ဆေးရုံတက်ရတဲ့ လူနာတိုင်းကို ကာကွယ်တဲ့အနေနဲ့ သွေးကျဲဆေး ထိုးပေးသင့်ပါတယ်။ သြစတြေးလျမှာရှိတဲ့ ဆေးရုံအများစုမှာ Covid-19 လူနာတွေကို ကာကွယ်တဲ့အနေနဲ့ သွေးကျဲဆေး ထိုးပေးဖို့ စံအဖြစ် သတ်မှတ်ထားပါတယ်။

မေးစရာရှိနေတာတစ်ခုက သွေးကျဲဆေးတွေကို ထိုးပေးသော်ငြားလည်း Covid-19 က သွေးခဲတွေ အများကြီးကို ဆက်ပြီးဖြစ်နေစေတာကြောင့် Covid-19 အပြင်းအထန်ခံစားနေရတဲ့ လူနာတွေကို သွေးကျဲဆေး ပုံမှန်ထက်ပိုပြီး ထိုးပေးသင့်သလားဆိုတာဖြစ်ပါတယ်။

လက်ရှိမှာတော့ လေ့လာတွေ့ရှိချက်ကို အတည်မပြုနိုင်သေးပဲ ဥရောပနဲ့ ဗြိတိန်မှာရှိတဲ့ ပညာရှင်တွေက Covid-19 နဲ့ ပက်သက်ပြီး အခြားသော လေ့လာမှုတွေ ပြုလုပ်နေကြဆဲဖြစ်ကြောင်း သိရသည်။


19 May 2020     2,202 Views




RELATED

Most Popular of International News

Most Popular of NEWS