ဝူဟန်ဗိုင်းရပ်စ် ဘယ်တော့ပျောက်ကွယ်သွားမှာလဲ
15 May 2020 1,410 Views
ဝူဟန်ဗိုင်းရပ်စ် (ခ) ကိုရိုနာဗိုင်းရပ်စ်သစ်ကပျောက်ကွယ်သွားလိမ့်မည် မဟုတ်ကြောင်းနှင့် ကမ္ဘာပေါ်ရှိ ပြည်သူများက ၎င်းနှင့်အတူ နေထိုင်ရန်သင်ယူရလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။
၂၀၁၉ နှောင်းပိုင်းမှစ၍ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည့် အဆိုပါ ဗိုင်းရပ်စ်သည် ကမ္ဘာတလွှား လူပေါင်း ၄. ၄ သန်းကျော်ကိုကူးစက်ခဲ့ကာ လူ ၃၀၀၀၀၀ နီးပါး သေဆုံးခဲ့ရသည်။
“ပထမဆုံးအကြိမ်အဖြစ် လူထုထဲ ဝင်လာတဲ့ ဗိုင်းရပ်စ် အသစ်တခုဖြစ်သောကြောင့် အဲဒါကို ဘယ်အချိန်မှာ ကျော်လွှားနိုင်မလဲဆိုတာ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပြီး ဒီဗိုင်းရပ်စ်ပိုးက ကျနော်တို့ အသိုင်းအဝိုင်းမှာ ဖြစ်ပွားတတ်လေ့ရှိတဲ့ နောက်ထပ် ဗိုင်းရပ်စ်တခု ဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါတယ်။ အမြဲတမ်း ပျောက်ကွယ်ချင်မှ ပျောက်ကွယ်သွားပါလိမ့်မယ်” ဟု WHO ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာညွှန်ကြားရေးမှူး Michael Ryan က ဂျီနီဗာမြို့တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ် ပြဿနာ စတင်ကတည်းက လူသားထု၏ တစ်ဝက်ကျော်သည် အချို့သော ပိတ်ဆို့မှု ပုံစံများအောက်တွင် ရောက်ရှိနေခဲ့ကြရသည်။ ယခုကန့်သတ်ထားမှုများကို ဖြေလျှော့ပေးခြင်းက ကူးစက်မှု ဒုတိယလှိုင်းကို မဖြစ်စေနိုင်ဟု အာမခံနိုင်စရာအကြောင်း မရှိကြောင်း WHO က သတိပေးလိုက်သည်။
ပုံမှန်ပြန်ဖြစ်ရန်သွားရမည့်လမ်းကြောင်းက ရှည်လျားသော လမ်းတစ်ခု ဖြစ်ပြီး နိုင်ငံများအနေဖြင့် ယခု လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေကြရလိမ့်မည်ဟု သူကထပ်လောင်း ပြောကြားခဲ့သည်။