BEC-TERO TV

တရုတ်အပေါ်မှီခိုမှုလျှော့ချပြီး ကိုယ့်အားကိုယ်ကိုးမည်ဟု အိန္ဒိယဝန်ကြီးချုပ်မိုဒီ ကြွေးကြော်

15 May 2020     1,480 Views


နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ပြည်တွင်းထုတ်ကုန် GDP ၏ ၁၀% ဖြစ်သော အမေရိကန်ဒေါ်လာ ၂၆၅ ဘီလီယံ အသုံးပြုမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံကို အာရှရဲ့ တတိယအကြီးဆုံး စီးပွားရေးဌါနေကြီး ဖြစ်လာစေရန် ကိုယ့်အားကိုယ်ကိုးမည့် အစီစဉ်သစ်ကို အိန္ဒိယဝန်ကြီးချုပ် ‘နာရန်ဒရာ မိုဒီ’ က မေလ ၁၂ ရက် အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

“ပြည်တွင်း စက်မှုလက်မှုလုပ်ငန်း၊ ပြည်တွင်းဈေးကွက် နဲ့ ပြည်တွင်း ကုန်စည်စီးဆင်းမှုဟာ အရေးကြီးတယ်ဆိုတာကို ဒီကပ်ဘေးဆိုးကြီးက ကျွန်တော်တို့ကို သင်ပေးလိုက်တာပါပဲ။ အကျပ်အတည်းကာလထဲမှာ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေအားလုံး ပြည်တွင်းမှာပဲ အလုပ်ဖြစ်ခဲ့ကြတယ်” ဟု ပြောဆိုခဲ့ပါတယ်။

အခြားသော တိုင်းပြည်တွေအနေနဲ့လည်း စီးပွားရေးမှာ တရုတ်နိုင်ငံကို မှီခိုနေရတာတွေကို လျှော့ချဖို့ ကြိုးစားသင့်ကြောင်း မိုဒီ က သတင်းစကားပါးလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းဖြန့်ဝေဂာ နေရာကြီးဖြစ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်ပြဿနာကြောင့် ယခုနှစ်အစောပိုင်းမှာ တရုတ်ရဲ့နေရာဒေသအချို့က စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရတဲ့အတွက် ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံရဲ့ အတွင်းရေးမှူး ‘မိုက်ခိပွန်ပီရို’ က ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှု အနှောက်အယှက်ဖြစ်သွားရတဲ့ အခုလိုအဖြစ်မျိုး ထပ်မဖြစ်ရအောင် အိန္ဒိယနိုင်ငံလို မိတ်ဆွေနိုင်ငံတွေနဲ့ စကားပြောဆိုမှုတွေလုပ်ခဲ့ကြောင်း လွန်ခဲ့တဲ့ နှစ်ပတ်က ပြောကြားခဲ့ပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ အိန္ဒိယအနေနဲ့ အခုလိုမျိုး ပြည်တွင်း ထုတ်လုပ်မှုတွေကို မြှင့်တင်ပြီး နိုင်ငံခြားသွင်းကုန်တွေကို ရပ်ဆိုင်းလိုက်မယ် (အထူးသဖြင့် တရုတ်နိုင်ငံသွင်းကုန်) ဆိုရင် အခြေအနေက ပိုမိုဆိုးရွားလာနိုင်ဖွယ်ရာရှိတယ်လို့ မြင်နေကြပါတယ်။

အိန္ဒိယနိုင်ငံဟာ မတ်လ ၂၅ ရက်နေ့ကတည်းက တစ်နိုင်ငံလုံးအတိုင်းတာနဲ့ Lockdown ချထားခဲ့တာကြောင့် လူပေါင်း ၁၂၂ သန်းခန့် လုပ်ငန်းခွင်တွေရဲ့ ပြင်ပကိုရောက်ခဲ့ကြရပါတယ်။ စီပွားရေးနယ်ပယ်ရဲ့ ၃၀% ဖြစ်တဲ့ အသေးစားလုပ်ငန်းများမှာလည်း ငွေကြေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အကူအညီပေးဖို့ အသနားခံ တောင်းဆိုနေကြပါတယ်။

အခုလို ကိုယ်အားကိုယ်ကိုးမယ်လို့ ဝန်ကြီးချုပ်ရဲ့ကြွေးကြော်တဲ့ ကြေငြာချက်အပြီး၊ အင်္ဂါနေ့ မွန်းလွဲပိုင်းမှာပင် အိန္ဒိယရဲ့ စတော့ရှယ်ယာဈေးကွက်က ပွိုင့် ၆၀၀ လောက် ထိုးဆင်းသွားခဲ့ပါတယ်။ စောစောပိုင်းမှာတုန်းက အစိုးရအနေနဲ့ စီးပွားရေးပြန်လည်နိုးကြားလာဖို့ ပြည်တွင်းထုတ်ကုန်ရဲ့ စုစုပေါင်း(GDP)ကို ၁% အောက်မှာပဲ အသုံးပြုမယ်လို့ ကြောညာထားခဲ့တာပါ။

နယူးဒေလီ ဂျာဝါဟာလာနေရူး တက္ကသိုလ်မှ တရုတ်လေ့လာသုံးသပ်ရေး လက်ထောက်ပရော်ဖက်ဆာ ဒေါက်တာ ‘ဂီတ ကိုချာ’ က လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းဟာ အိန္ဒိယနိုင်ငံအတွက် အခွင်းအလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ “ဒါပေမယ့် အိန္ဒိယနိုင်ငံ အခြေနေတည်တံ့စေဖို့ဆိုရင် မှန်ကန်တဲ့ ရင်းနှီးမြုတ်နှံမှုတွေရှိလာအောင် ဖန်တီးပေးရမယ်၊ တရုတ်က သူ့ရဲ့နယ်ပယ်တွေကို စတင်ထူထောင်တုန်းက လုပ်ခဲ့သလိုမျိုးပေါ့” ဟု သူမက ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက အတိုက်အခံခေါင်းဆောင် ‘မိုဟန်ဘာဝပ်’ က အခုလို ကိုယ်အားကိုယ်ကိုးမယ် ဆိုတဲ့ ကမ်ပိန်းဟာ အစီအစဉ်အဟောင်းတွေကို အသစ်တစ်ဖန်ထုတ်ပိုးပြီး တံဆိပ်ပြောင်းကပ်လိုက်တာက လွဲရင် ဘာမှ မထူးခြားပါဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။


15 May 2020     1,480 Views




RELATED

Most Popular of International News

Most Popular of NEWS