ဗိုင်းရပ်ကူးစက်မှု မြင့်တက်နေသော်လည်း Lockdown ချထားမှုကို အိန္ဒိယ လက်လျော့ပေးလိုက်ရ
12 May 2020 1,613 Views
တစ်ရက်ထဲမှာပင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှု အမြင့်ဆုံးအနေအထားထိ ရောက်ရှိလာခဲ့ပေမယ့် ရောဂါကူးစက်မှုကို တာဆီးနိုင်ရန် ရည်ရွယ်ချက်ဖြသ့် သီတင်းပတ် ၇ ပတ်နီးပါး Lockdown ချထားမှုကို ဖြေလျှော့ပေးရတော့မယ့် အခြေအနေရှိလာကြောင်း အိန္ဒိယဝန်ကြီးချုပ် ‘နာရန်ဒရာ မိုဒီ’ က မေလ ၁၁ ရက် တနင်္လာနေ့က ပြောကြားလိုက်သည်။
နိုင်ငံအဝှမ်း ၁.၃ ဘီလီယံရှိသည့် ပြည်သူများအား တင်းကျပ်သည့် Lockdown ချထားမှုကို အဆုံးသတ်ပေးရန် အစိုးရကို နိုင်ငံရေးပါတီးများ၊ စီးပွားရေလုပ်ငန်းများနဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရသော နေ့စားလုပ်ခစားပြည်သူများ၏ ဆက်သွယ်ပြောဆို တိုက်တွန်းမှုများ မြင့်တက်လာမှုကို ဝန်ကြီးချုပ် ‘မိုဒီ’ တစ်ယောက် ရင်ဆိုင်နေရပါတယ်။
တနင်္လာနေ့မှာတော့ ‘မိုဒီ’ က အစိုးရအဖွဲ့နဲ့ ရုပ်သံမှတစ်ဆင့် ပြုလုပ်သော အစည်းအဝေးတွင် Lockdown ချထားမှုကို မေလ ၁၇ ရက်ထိ တိုးမြှင့်ထားသော်လည်း ညင်သာစွာ ဖြေလျှော့ရုပ်သိမ်းရန် ပြောကြားလိုက်သည်။
“ကျွန်တော်တို့ အတွက် စိန်ခေါ်မှုက နှစ်ခုရှိပါတယ်၊ တစ်ခုက ရောဂါပြန့်နှံ့ကူးစက်နှုန်း လျှော့ချနိုင်ဖို့နဲ့ နောက်တစ်ခုက ပုံမှန်လူနေမှုဘဝတွေကို ဖြည်းဖြည်းခြင်း ပြန်လည် ဖော်ဆောင်ပေးဖို့ ဖြစ်ပါတယ်” ဟု ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ lockdown ကို တဖြည်းဖြည်းခြင်း လျော့ချသည့်တိုင် မှတ်ထားရမှာ တစ်ခုက ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ဒါမှမဟုတ် ဖြေရှင်းချက် တစ်ခုခု မရသေးမချင်း ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အကောင်းဆုံး လက်နက်က လူခွာနေခြင်း social distancing ဖြစ်တယ်” လို့ ဆိုပါတယ်။
အိန္ဒိယမီးရထားဝန်ကြီးဌါနကလည်း အင်္ဂါနေ့မှာ ပြန်လည်စတင်မယ့် ရထားခရီးစဉ် ၁၅ ခုအတွက် ကြိုတင်လက်မှတ်ရောင်းချခြင်းကို ပြန်လည်ဖွင့်လှစ်လက်ခံလိုက်ပါတယ်။
ရထားစီးခရီးသည်များ အနေနဲ့ နှာခေါင်းစည်းများတပ်ဆင်ရမည်ဖြစ်ပြီး ရထားပေါ်မတက်မီ ဘူတာရုံများတွင် ကျန်းမာရေး စစ်ဆေးမှုများခံယူရမည်ဖြစ်ကြောင်း အစိုးရမှ တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌါန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ တနင်္လာနေ့အထိ အိန္ဒိယနိုင်ငံမှာ Covid-19 ကြောင့် သေဆုံးခဲ့ရသူပေါင်း ၂,၂၀၆ ထိ ရှိလာခဲ့ပြီဖြစ်သည်။ ဗိုင်းရပ်စ် ကူးစက်ရာ အဓိကမြို့ကြီးများမှာ မွန်ဘိုင်း၊ ဒေလီ၊ အာမီဒါဘတ် နဲ့ ပြူနီမြို့တို့ဖြစ်ပြီး ၎င်းမြို့ကြီးများမှာ စီးပွားရေးအချက်အချာကျတဲ့ မြို့များလည်းဖြစ်သည်။