ယူအက်စ်မှ ထောင်သားများ ထောင်မှလွတ်မြောက်ရန် ကိုရိုနာဗိုင်းရပ်စ် တမင်ကူးစက်ခံ
12 May 2020 1,538 Views
အမေရိကန်နိုင်ငံ လော့စ်အိမ်းဂျလိစ် ဒေသန္တရအစိုးရအုပ်ချုပ်ရေးလက်အောက်ရှိ ထောင်များတွင် ထောင်သားများက ကိုရိုနာဗိုင်းရပ်စ် တစ်မင်ကူးစက်အောင် ပြုလုပ်နေကြကြောင်း ရဲအရာရှိ Alex Villanueva က ရုပ်သံဗီဒီယို သက်သေများနဲ့တစ်ကွ တနင်္လာနေ့က ထုတ်ဖော်ပြောကြားလိုက်သည်။
ရုပ်သံတွင် ပါရှိသော ပုံရိပ်များအရ ထောင်သားတွေဟာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံထားရသူ အသုံးပြုခဲ့တဲ့ ရေခွက်ကို အသုံးပြုကာ တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းကာ ရေသောက်နေကြပြီးနောက် ခွက်ကို ပြန်ဖွက်ထားတာကို တွေ့ရပါတယ်။
“ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရအောင် တမင်ရည်ရွယ်ပြီး လုပ်နေကြတဲ့မြင်ကွင်းဟာ အတော်လေး တုန်လှုပ်စရာကောင်းပါတယ်” ဟု ရဲအရာရှိက လော့စ်အိန်းဂျလိစ်တိုင်းမ်းစ် သတင်းစာကို ပြောခဲ့ပါတယ်။
ယုံကြည်ရလောက်တဲ့ သတင်းပေး ထောင်သားတစ်ဦးက သူတို့လျှို့ဝှက်စွာဖွက်ထားတဲ့ ပစ္စည်းကို ယူလာပြီး သတင်းပေတော့မှ စောင့်ကြည့်ကင်မရာတွေမှာ ပြန်လည် စစ်ဆေးကြည့်ရာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တရားဥပဒေစိုးမိုးရေး သတင်းရင်းမြစ်အရ ဒီလုပ်ရပ်ကို ဖော်ထုတ်တဲ့ ထောင်သားကို အခြားထောင်သားတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်းလည်း သိရသည်။
Covid-19 ကပ်ရောဂါဆိုးကြီး စတင်ခဲ့စဉ်ကတည်းကနေ ထောင်ထဲက ထောင်သားတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၅၇ ဦး ရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ကနဦးတွေ့ရှိခဲ့တဲ့ ကူးစက်ခံထားရသူ အရေအတွက် ၁၁၅ ဦး ရဲ့ သုံးဆကျော်အဖြစ် ဧပြီလ ၃၀ ရက်နေ့မှာ ရှိလာခဲ့ပါတယ်။
ရဲဌါနအနေနဲ့ ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားစေရေးနဲ့ ပက်သက်ပြီး ထောင်သားအသစ်တွေကို စစ်ဆေးဖို့ လိုက်နာရမယ့် လမ်းညွှန်ချက်အသစ်တွေကို ထုတ်ပြန်ထားခဲ့ပါတယ်။
ကူးစက်ခံထားရသူ ၃၅၇ ဦးမှာ ၁၁၇ ဦး ပြန်လည်ကျန်းမာလာပြီး ၂၂၂ ဦးကတော့ ဖျားနာနေတုန်း အခြေအနေမှာပဲ ရှိနေပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့တဲ့ ထောင်သား ၁၈ ဦးကို ပြစ်မှုပြစ်ဒဏ်မှ လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာမှာ လုံးဝနေပြန်ကောင်းအောင် ဦးစွာနေထိုင်ခဲ့ကြရပါတယ်။
ကပ်ရောဂါဆိုးကြီးကြောင့် ထောင်ထဲက လူဦးရေကို လျှော့ချဖို့ သိသိသာသာ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့စာရင်းအရ ပုံမှန်အားဖြင့် ထောင်ထဲမှာ လူပေါင်း ၁၇,၀၀၀ ဝင်ဆံ့ပြီး ထောင်သားက ၁၁,၇၂၃ ဦးသား ဆက်လက် ထိန်းသိမ်းထားကြောင်း ရဲဌါနမှ သိရှိရသည်။