BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ဟာ မျက်လုံးကနေတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်

11 May 2020     1,458 Views


ကိုရိုနာဗိုင်းရပ်စ်ဟာ နှာခေါင်းစည်း ဝတ်ဆင်ထားရုံဖြင့် မလုံလောက်တော့ပဲ မျက်လုံးကနေတစ်ဆင့်ပါ ခန္ဓာကိုယ်တွင်းကို ဝင်ရောက်ကူးစက်နိုင်ကြောင်း ဆေးသိပ္ပံသုတေသီတွေက အခိုင်အမာပြောဆိုလိုက်ပါတယ်။

Covid-19 ကိုဖြစ်ပေါ်စေတဲ့ SARS-CoV-2 ဟာ လူ့ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ ACE-2 ဓါတ်တစ်မျိုးမှာ ကပ်ငြိပြီး ခန္ဓာကိုယ်တွင်း ဝင်ရောက်တာမို့ ACE-2 ဟာ ရောဂါပိုးဝင်နိုင်အောင် လက်ခံပေးတဲ့ ပင်မလမ်းကြောင်း သဖွယ်ဖြစ်ပါတယ်။

ဒီလိုမျိုး လက်ခံမှုဟာ အဆုပ်နဲ့ လေပြွန်လမ်းကြောင်း တစ်လျှောက် ရှိတာမို့ ရောဂါပိုးကူးစက်ခံထားရသူဆီက မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားအစက်လေးတွေ လွင့်စင်လာတာကို ရှုရှိုက်မိပြီး ထပ်ဆင့်ရောဂါ ကူးဆက်ခံရတာဖြစ်ပါတယ်။ ဒီအတွက် နှာခေါင်းစည်း တပ်ဆင်ပြီး ကာကွယ်ထားကြရတာပါ။

သို့ပေမယ့်လည်း ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်မှ ဆေးအဖွဲ့တစ်ဖွဲ့၏ သုတေသနတွေ့ရှိချက်အသစ်အရ ဗိုင်းရပ်စ်ကို လက်ခံထားနိုင်သည့် ACE-2 ကို မျက်လုံးကလည်း ထုတ်လုပ်တာကို တွေ့ရှိခဲ့ပါတယ်။

ထို့ကြောင့် နှာခေါင်းစည်း တပ်ထားသော်ငြားလည်း ရောဂါပိုးရှိသူ၏ နှာချေ၊ ချောင်းဆိုး အရည်အစက်လေးများက အခြားလူ၏ မျက်လုံးပေါ်သို့ လွှင့်စင်ကျသွားပါကလည်း ကူးစက်နိုင်ကြောင်း တွေ့ရှိရခြင်းဖြစ်သည်။

ဒီတွေ့ရှိချက်ကြောင့် အချို့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေရဲ့ ၃၀% လောက်က မျက်စိနာခြင်း၊ မျက်လုံးယောင်ရမ်းခြင်းတို့ ဖြစ်ပွားရတာလဲ ဆိုတာကို ရှင်းပြပြီးသား ဖြစ်သွားစေပါတယ်။ မျက်ရည်ဟာလည်း နှာချေအစက်၊ နှာရည်တို့ကဲ့သို့ပင် အရည်အစက်ဖြစ်တာကြောင့် ကူးစက်မှုကို ဖြန့်ဝေနိုင်ကြောင်း သိရသည်။


11 May 2020     1,458 Views




RELATED

Most Popular of International News

Most Popular of NEWS