BEC-TERO TV

လေတိုက်တိုင်း လှိုင်းထသွားတဲ့ ဂွမ်ဒေါင်းကြိုးတံတားကြီး ယာယီပိတ်ထား

07 May 2020     1,592 Views


Covid-19 ကူးစက်မှုတွေ လျော့ကျသွားတာကြောင့် တရုတ်နိုင်ငံမှာ ပိတ်ဆို့တားမြစ်ထားတာတွေ ဖွင့်ပေးလိုက်ပြီဖြစ်လို့ ပြည်သူတွေရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေက ပုံမှန်အတိုင်း ပြန်ဖြစ်လာပါတယ်။

မေလ ၅ ရက် အင်္ဂါနေ့က ဂွမ်ကျိုးနဲ့ ဒေါင်ဂွမ်းကို ပုလဲမြစ်ကြီးပေါ်ကနေ ဖြတ်ထိုးထားတဲ့ ကြိုးတံတားကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ကားတွေနဲ့ ပြည့်နှက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ လေပြင်းတစ်ချက်တိုက်လိုက်တိုင်း ကြိုးတံတားကြီးတစ်ခုလုံး လှိုင်းထသွားသလို တံတားကြမ်းပြင်က လိမ့်တက်လာပြီး ကားတွေရဲ့ အောက်ကနေ ဖြတ်သွားနေတာကို ကြက်သီးထစရာ မြင်တွေ့ခဲ့ရပါတယ်။

ဖြစ်စဉ်ကြောင့် ဟူမန်တံတားကြီးကို အာဏာပိုင်များက ယာယီပိတ်ထားလိုက်ပါတယ်။ တာဝန်ရှိသူတွေက တံတားကြီးကို ပမာဏစစ်ဆေးခဲ့ရာ တံတားမှာ ပျက်ဆီးယိုယွင်းမှု ပြစ်ချက်တစ်စုံတစ်ရာမှမရှိကြောင်း တွေ့ရပြီး ကျွမ်းကျင်သူများကလည်း ကြိုးတံတားကြီးဟာ အခုလိုလှုပ်ရှားမှုကို ခံနိုင်အောင် တမင်ဒီဇိုင်းထွင်ဆောက်ထားတဲ့အတွက် ပြည်သူတွေ စိတ်ချလက်ချ ဖြတ်သန်းသွာလာနိုင်တယ်လို့ ဆိုပါတယ်။


07 May 2020     1,592 Views




RELATED

Most Popular of Special or Others

Most Popular of NEWS