BEC-TERO TV

စားဝတ်နေရေးကြောင့် မလေးရှားရှိ အပေါင်ဆိုင်များတွင် လူများတန်းစီ

05 May 2020     1,549 Views


မလေးရှားနိုင်ငံ အီပိုးမြို့တွင် ဆိုင်များပြန်လည်ဖွင့်လှစ်ခွင့်ရတဲ့ ပထမဦးဆုံးနေ့မှာပင် အပေါင်ဆိုင်များရှေ့၌ လူတွေ တန်းစီနေတာကို မြင်တွေ့ရပါတယ်။

မနက်ဆိုင်စဖွင့်ချိန်မှ နေ့လည်ခင်းရောက်သည်ထိ လာရောက်ပေါင်နှံ ငွေချေးသူ အယောက် ၇၀ ကျော် ရှိကြောင်း အပေါင်ဆိုင်ဝန်ထမ်းက ပြောကြားသည်။

အပေါင်ဆိုင်လာကြသူများကို ဝန်ထမ်းများက ဆိုင်အပေါက်ဝတွင် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးစေခြင်းတို့ကို စစ်ဆေးပြီးမှ ဝင်ခွင့်ပြုခဲ့ကြပါတယ်။

လာရောက်ပေါင်နှံသူ အမျိုးသမီးတစ်ဦးက စားဝတ်နေရေးအတွက် ရွေးချယ်စရာမရှိတဲ့အတွက် သူမ၏ လက်ဝတ်လက်စားများကို လာပေါင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူမဟာ နေ့စားသန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး Covid-19 ကြောင့် Lockdown ချထားခံရတဲ့အတွက် အလုပ်လက်မဲ့ ဝင်ငွေမရှိပဲ တစ်လကျော်ကြာသွားခဲ့ပါတယ်။ Lockdown ချထားစဉ်ကာလအတွင်းမှာ လှူဒါန်းထောက်ပံ့တဲ့ အစားအသောက်လေးများနဲ့ မိသားစုနေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူမရဲ့ ကလေးတစ်ယောက်က ရင်ကြပ်ရောဂါရှိတာကြောင့် ဆေးဝယ်ဖို့ အရေးပေါ် ပိုက်ဆံလိုလာတဲ့အတွက် အခုလို လာရောက် ပေါင်နှံလာခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခင်ပွန်းဖြစ်သူက သူမကို ကလေးတွေနဲ့အတူ စွန့်ပစ်ခဲ့တဲ့အတွက် မိသားစုရဲ့ စားဝတ်နေရေးက သူမအပေါ်မှာ မှီခိုနေပါတယ်။

အပေါင်ဆိုင်တွေရှေ့မှာ နှာခေါင်းစဉ်းတွေ ဝတ်ထားတဲ့ လူတွေ တန်းစီနေတဲ့ ပုံဟာ အွန်လိုင်းပေါ်ပျံ့နှံ့သွားခဲ့ပြီး ဒီမြင်ကွင်းဟာ အတော်လေး စိတ်ပျက်စရာကောင်းကြောင်း လူ့စွမ်းအားရင်းမြစ် ဝန်ကြီးဟောင်း M. Kulasegaran က ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဒီအဖြစ်ပျက်နဲ့ ပက်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များကို မေးမြန်ခဲ့ရာမှာ လူအများစုက အပေါင်ဆိုင်မှာ သူတို့ယူထားကြတဲ့ ငွေတိုးတွေ လာသတ်ကြတာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။


05 May 2020     1,549 Views




RELATED

Most Popular of International News

Most Popular of NEWS