သစ္စာဖောက် ပေါ်လာအောင် “ကင်မ်ဂျွန်အန်” သေချင်ယောင်ဆောင်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများ သုံးသပ်
04 May 2020 1,636 Views

မြောက်ကိုရီးယားခေါင်းဆောင် ‘ကင်မ်ဂျွန်အန်’ ဟာ ရက်ပေါင်း ၂၀ ကျော် လူမြင်ကွင်းကနေ ကွယ်ပျောက်သွားခဲ့ပြီးနောက် သေဆုံးသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီး အတည်ပြုနိုင်ရန် ရက်အတန်ကြာ စောင့်ကြည့်မှုများ ရှိခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့က မြောက်ကိုရီးယားရုပ်သံ KCNA ကနေ ဓါတ်မြေသြဇာ စက်ရုံအသစ် ဖွင့်ပွဲအခန်းအနားကို ထုတ်လွှင့်ပြသခဲ့ရာ ကျန်းမာရေးကောင်းမွန်ပြီး လန်းဆန်းပြုံးပျော်နေတဲ့ “ကင်မ်ဂျွန်အန်” ကို တဖန်ပြန်လည် မြင်တွေ့လိုက်ရပါတယ်။ “ကင်မ်” ဟာ ပြုံယမ်းမြို့ မြောက်ဘက်ပိုင်းစီရင်စုမှာ တည်ဆောက်ထားတဲ့ စက်ရုံပြီးစီးခြင်း အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အခုလို သေသည်ဟု သတင်းများထွက်ပေါ်လာအောင် ရက်ပေါင်းအတော်ကြာ ပျောက်ကွယ်နေခြင်းမှာ သူတစ်ကယ်သေသွားတဲ့အခါ မြောက်ကိုရီးယားမှာ ဘယ်လိုတုံ့ပြန်မှုတွေ ရှိလာမလဲဆိုတာကို စောင့်ကြည့်တာဖြစ်တယ်လို့ သြစတေးလျား စကိုင်းနယူးစ် သတင်းဌါနရဲ့ သတင်းထောက် ‘ဂျိမ်းစ်မော်ရို’ က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
ဒီလိုနည်းလမ်းနဲ့ သစ္စာဖောက်ကို ဖော်ထုတ်နိုင်မယ်လို့ သူစိတ်ထဲမှာ ယူဆပြီး ဆိုဗီယက်အာဏာရှင် ‘ဂျိုးစက်ဖ် စတာလင်’ ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ခဲ့တာဖြစ်ပါတယ်။
“သူက ပုန်းလှိုးကွယ်လျှိုးလေးနေပြီး သူတစ်ကယ်သေသွားတဲ့အခါ တိုင်းပြည်အာဏာကို ဘယ်သူက တက်ယူမလဲဆိုတာကို စမ်းသပ်စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ‘ဂျိုးဆက်ဖ်’ က ဆိုသည်။
“ကင်မ်ဂျွန်အန်” ၏ လက်မောင်းမှာ ဆေးထိုးအပ်တန်းလန်းနဲ့ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် ဓါတ်ပုံများအရ သူဟာ နှလုံးခွဲစိတ်ကုသမှုခံယူနေရတယ်လို့ သတင်းများ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
သူသေသွားတဲ့အခါ နောက်ထပ်ဆက်ခံမည့်သူများ စာရင်းလည်း ပေါ်ထွက်လာခဲ့ပြီး ဒီစာရင်းတွေထဲမှာ “ကင်မ်” ၏ ညီမဖြစ်သူ “ကင်မ်ယိုဂျွန်” လည်း ပါဝင်ပါတယ်။
“ကင်မ်” ဟာ အခုအချိန်ကနေစပြီး သူ့ရဲ့အချုပ်အခြာကို ခုခံဖို့အလားအလာရှိနိုင်တဲ့သူတွေကို ပိုမိုကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြိုခွင်းတော့မယ်လို့ “ဂျိုးစက်ဖ်” က ခန့်မှန်းထားပါတယ်။
“မြောက်ကိုရီးယားမှာ သုတ်င်မှုအချို့တွေ ကျွန်တော်တို့ မြင်ရဦးမယ်ဆိုတာ သံသယရှိနေပါတယ်” ဟု ဆိုပါတယ်။
Essex တက္ကသိုလ်မှ ပရော်ဖက်ဆာ Natasha Lindstaedt က သူမရဲ့အမြင်ကို ပြောကြားရာတွင် “ကင်မ်” ကို အခုလို သတိပေးလိုက်တာဟာ အမြင်ခြင်းမတူတဲ့သူတွေကို လူမြင်ကွင်းမှာ ရက်စက်စွာ သုတ်သင်ဖို့ ဂယက်ထပေးလိုက်သလို ဖြစ်နိုင်တယ်ဟု ဆိုပါတယ်။
“ကင်မ်”ဟာ အိမ်နီးခြင်းနိုင်ငံတွေအပေါ် ပြန်လည်လွှမ်းမိုးနိုင်ဖို့ နျူကလီးယားလှုပ်ရှားမှုအသစ်ကို စိုးရိမ်တကြီးနဲ့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်ကြားရှိ စစ်မဲ့ဇုံမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။