BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် ဝူဟန်ဓါတ်ခွဲခန်းကလာတယ်ဆိုတာ ထင်ရှားသက်သေရှိကြောင်း ယူအက်စ်ပြောကြား

04 May 2020     1,501 Views


ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မှာရှိတဲ့ ဓါတ်ခွဲခန်းကနေ လာတယ်ဆိုတာကို သက်သေပြနိုင်တဲ့ ခိုင်လုံတဲ့အထောက်အထားတွေရှိကြောင်း အမေရိကန်နိုင်ငံ၏ အတွင်ရေးမှူး ‘မိုက်ခ် ပွန်ပီယို’ က ပြောကြားလိုက်ပါတယ်။

စီအိုအေ၏ အရာရှိချုပ်ဟောင်းတစ်ဦးက ABC သတင်းဌါနကို ပြောကြားရာတွင် “ဒီကိစ္စဘယ်ကနေ စတယ်ဆိုတာကို သက်သေပြစရာ အထောက်အထားတွေ တစ်ပုံကြီးရှိတယ်” ဟု ပြောဆိုလိုက်ပြီး ဒါဟာတမင်ရည်ရွယ်ချက်ရှိရှိနဲ့ လွှတ်ခဲ့တာလားဆိုတာကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

Mike Pompeo 

ဝူဟန်မြို့က မကောင်းသတင်းပြန့်နေသော Wunhan Institute of Virology ဓါတ်ခွဲခန်းကို စုံစမ်းစစ်ဆေးခွင့် တောင်းရာမှာ တရုတ်အစိုးရက ပယ်ချခဲ့ပြီးတဲ့နောက်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အခုချိန်ထိ ဝင်ရောက်စစ်ဆေးခွင့် မရသေးသလို အခြားနိုင်ငံတွေက WIV ကို ဝင်ရောက်စစ်ဆေးဖို့ တောင်းခံထားတာကိုလည်း ခွင့်မပြုပေးပါဘူး။ ဗိုင်းရပ်စ်က ဘယ်ကနေ အစပြုလာသလဲဆိုတာကို ကျွန်တော်တို့ အတိအကျမသိရသေးပါဘူး” ဟု ဆိုပါတယ်။

“လက်ရှိမှာလည်း အခြားဓါတ်ခွဲခန်းတွေက ဆက်ပြီးလုပ်နေကြတုန်းပဲ၊ ကျွန်တော်တို့ ထင်တာကတော့ တရုတ်နိုင်ငံတွင်းမှာ ရောဂါဖြစ်ပွားစေတဲ့ပစ္စည်းတွေနဲ့ ထိတွေ့ပြီးလုပ်နေကြတဲ့အတွက် အခုလိုမျိုး နောက်ထပ် ဖြစ်မလာဖို့မအတွက် သူတို့တွေရဲ့ လုံခြုံရေးစနစ်တွေက လုံလောက်ရဲ့လားဆိုတာ ကျွန်တော်တို့ မသိပါဘူး” ဟု ဆိုပါတယ်။

ထိပ်တန်းလျှို့ဝှက်ချက်စုံစမ်းဖော်ထုတ်သူ MI6 ၏ အစီရင်ခံစာမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ဓါတ်ခွဲခန်းကနေ မတော်တဆလွတ်ထွက်သွားပြီး အာဏာပိုင်တွေက ကူးစက်မှု ဘယ်လိုစတင်ခဲ့တယ်ဆိုတာကို ဖုံးကွယ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံ ၅ နိုင်ငံမှာ ထောက်လှမ်းရေးတာဝန်ယူထားကြတဲ့ အဖွဲ့အစည်း ၂၁ ခု က ပူးပေါင်းရေးသားခဲ့တဲ့ ၁၅ မျက်နှာပါ စာရွက်စာတမ်းအရ ဗိုင်းရပ်စ်ဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ ဝူဟန်ဓါတ်ခွဲခန်း WIV ကနေ ယိုစိမ့်ခဲ့ကြောင်း အခိုင်အမာ ဖော်ပြထားသည်။

စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် လုံခြုံရေးအကာကွယ် အားနည်းစွာဖြင့် လင်းနို့များအား ကိုင်တွယ်စမ်းသပ်နေသော ဝူဟန် ဆေးသိပ္ပံသုတေသီများရဲ့ ဓါတ်ပုံများကို ပြီးခဲ့တဲ့လက ဓါတ်ခွဲခန်း၏ ဝဘ်ဆိုက်ပေါ်မှ ဖယ်ရှားခဲ့သည်။

အဆိုပါဓါတ်ခွဲခန်းဟာ အန္တရာယ်အများဆုံး ရောဂါပိုးများကို စမ်းသပ်ရန် အထူးပြုလုပ်ထားပြီး ၂၀၀၂ ခုနှစ်နှင့် ၂၀၀၃  ခုနှစ်က ဆားစ်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုနဲ့ ဓါတ်ခွဲခန်းတို့၏ ဖြစ်နိုင်ချေရှိသော ဆက်စပ်မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ယူကေအာဏာပိုင်များက ပြောဆိုခဲ့သည်။


04 May 2020     1,501 Views




RELATED

Most Popular of International News

Most Popular of NEWS