BEC-TERO TV

မေ့ဆေးအကြိမ်ကြိမ်ပေးပြီး တက်တူးတစ်ကိုယ်လုံးအထိုးခံရသောခွေးလေး

04 May 2020     1,525 Views


မေ့ဆေးအကြိမ်ကြိမ်ပေးပြီး တက်တူးတစ်ကိုယ်လုံးအထိုးခံရသောခွေးလေး

ခွေးလေးကိုမေ့ဆေးချပြီး တစ်ကိုယ်လုံးနီးပါး တက်တူးထိုးလိုက်သောဓါတ်ပုံဟာ အွန်လိုင်းတွင်ပလူပျံသွားပြီးနောက် တိရစ္ဆာန်ချစ်သူများကို စိတ်အနှောက်အယှက်ဖြစ်သွားစေခဲ့ပါတယ်။ ဝေဖန်မှုတွေအများအပြားခံရပြီး ခွေးပိုင်ရှင်အား အပြစ်ယူပေးရန် တိရစ္ဆာန်ချစ်သူများက တောင်းလာဆိုခဲ့ပါတယ်။

အဆိုပါလုပ်ဆောင်ချက်သည် မေးမြန်းစရာမေးခွန်းများကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ မေ့ဆေးပေးသောသူသည် ဆေးဝါးကျွမ်းကျင်မှုရှိသော တိရစ္ဆာန်ဆရာဝန်များလား ဒါမှမဟုတ်လည်း တက်တူးထိုးတာက တက်တူးထိုးကျွမ်းကျင်သူလား ဆိုတာ မေးစရာလေးတွေပါ။ ထိုသို့ ခွေးခန္ဓာကိုယ်ပေါ်တက်တူးထိုးခြင်းဟာ တိရစ္ဆာန်ကို နှိပ်စက်ညှဉ်းပန်းရာရောက်စေပါတယ်။

ခွေးလေးက မေ့ဆေးကနေဆေးပြေသွားပေမယ့်လည်း မေ့ဆေးပေးခြင်းက လွန်စွာအန္တရာယ်ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နောက်ပိုင်းတွင် တိရစ္ဆာန်၏ကိုယ်ခန္ဓာလုပ်ဆောင်ချက်ယန္တရားကို ရှုပ်ထွေးလာစေနိုင်လို့ပါပဲ။ ထို့အပြင် အရေးပြားကို တက်တိုးထိုးရာတွင်အသုံးပြုသောဓါတုပစ္စည်းများသည်လည်း တိရစ္ဆာန်များကို အနရ္တာယ်ဖြစ်စေနိုင်ပါတယ်။ ဤကိစ္စနှင့်စပ်လျဉ်း၍ ကျူးလွန်သူကိုပြစ်ဒဏ်ပေးရန် စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး၊ နောက်ထပ်လူတွေလိုက်လံမပြုလုပ်ရန် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အား တောင်းဆိုတိုင်ကြားထားပါတယ်။

(ပိုပိုလေး)


04 May 2020     1,525 Views




RELATED

Most Popular of Special or Others

Most Popular of NEWS