"ရောဂါခြေချုပ်နေထိုင်ခြင်း အနုပညာ" Covid-19 ပညာပေး ပန်းချီပိုစတာလက်ရာများ
04 May 2020 1,697 Views

နေ့စဉ်နဲ့အမျှ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အနုပညာလောက အသီးသီးက ဖန်တီးဆန်းသစ်မှု ပုံစံတွေနဲ့တင်ဆက် ချပြနေကြပါတယ်။ ယခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကာလမှာလည်း Covid-19 နဲ့ပက်သက်တဲ့ သီချင်းအသစ်တွေ၊ ကာတွန်းအသစ်တွေ ထွက်ပေါ်လာသလို ရုပ်ရှင်ဇာတ်ကားအသစ်တွေလည်း ဖန်တီးရိုက်ကူးနေကြပါတယ်။
ထိုနည်းတူစွာ ပန်းချီလောကသားများကလည်း “ရောဂါခြေချုပ်နေထိုင်ခြင်း အနုပညာ” (Art of Quarantine) လို့အမည်ပေးထားတဲ့ ကမ်ပိန်းတစ်ခု ဖန်တီးမှု ပန်းချီကားအသစ်တွေကို အနုပညာနဲ့ အသိပညာပေး စည်းရုံးလှုံ့ဆော်တဲ့အနေနဲ့ ရေးဆွဲခဲ့ကြပါတယ်။
Art of Quarantine ကမ်ပိန်းမှာ ရေးဆွဲထားတဲ့ ပိုစတာပန်းချီကားတွေဟာ ကမ္ဘာကျော်ပန်းချီပညာရှင်းကြီးများဖြစ်ကြတဲ့ ‘လီယိုနာဒိုဒါဗင်ချီ’ ၊ ‘ရီနီ မဂရိ’ ၊ ‘ရက်ဖဲလ်’ (Leonardo da Vinci, Rene Magritte, Raphael) တို့ရဲ့ ရှေးခေတ်လက်ရာပုံစံအတိုင်း ရေးဆွဲထားပြီး Covid-19 နဲ့ ပက်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို ဖော်ပြထားတဲ့ ပန်းချီကားတွေဖြစ်ပါတယ်။
ဒီကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ ရှေးဟောင်းအနုပညာလက်ရာတွေကို ခေတ်နဲ့အပြိုင် ရောစပ်သရုပ်ဖော်ထားပြီး Covid-19 ကာလမှာ လူသားအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ နေနိုင်အောင် ကွက်ကွက်ကွင်းကွင်း သရော်တော်တော် ရေးဆွဲထားခြင်းဖြစ်ပါတယ်။
ဒီအစီစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းဖြစ်တဲ့ # FlattenTheCurve အစီစဉ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်အားဖြည့်ထားခြင်းဖြစ်သည်။