BEC-TERO TV

စည်းကမ်းမလိုက်နာသူများအား အရေးယူရန် ညှပ်အကြီးစား အန္ဒိယရဲအရာရှိ တီထွင်

04 May 2020     1,630 Views


Covid-19 ကာလအတွင်း ထုတ်ပြန်ထားသော စည်းကမ်းချက်များကို ချိုးဖောက်သူများအား ရဲတပ်ဖွဲ့မှ အရေးယူထိန်းသိမ်းရာတွင် တာဝန်ကျရဲများ ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရန် ကာကွယ်နိုင်သည့် အနေအထားမှ လုပ်ဆောင်နိုင်ရန် အိန္ဒိယရဲအရာရှိတစ်ဦးက ညှပ်အကြီးစားတစ်ခုကို တီထွင်ပြီးနောက် သရုပ်ပြသခဲ့သည်။

ချန်ဒီဂါနယ်မြေရဲအဖွဲ့၏ ဒါရိုက်တာ ရဲအရာရှိ ‘ဆန်ဂျေး ဘန်နီဝဲလ်’ က Covid-19 သံသယရှိသူများအား ကိုင်တွယ်ရာတွင် ရဲအဖွဲ့အတွက် လုံခြုံမှုရှိစေနိုင်ရန် တစ်ဦးနဲ့တစ်ဦး ခွာရမည့် အတိုင်းအတာနဲ့ တွက်ချက်ကာ အဖွင့်အပိတ် လုပ်နိုင်သော သံညှပ်ကြီးတစ်ချောင်းကို တီထွင်ခဲ့ပြီး သူ၏ တွစ်တာအကောင့်တွင် အသုံးပြုပုံ ရုပ်သံကို ဝေမျှထားသည်။

နှာခေါင်းစည်း လက်အိပ် အပြည့်အစုံ ဝတ်ဆင်ထားသော ရဲအရာရှိ၏ လက်ဖျံတွင် အရှည် ၆ ပေခန့်ရှိသည့် သံညှပ်ကြီးကို သားရေပြားကြီးနဲ့ တွဲပြီးချည်ထားသည်။ သံညှပ်တွင် လက်ကိုင်တန်းတစ်ခုနှင့် ညှပ်ခက်ရင်းခွကို ဖွင့်နိုင်ပိတ်နိုင်သော ခလုပ်တစ်ခုပါရှိတာကို တွေ့ရပါတယ်။ သံသယရှိသူအား ညှပ်ကြီးအတွင်းသို့ ဝင်စေပြီး ခလုပ်ဖြင့် ထိန်းချုပ် ညှပ်ကိုပိတ်ကာ အန္တရာယ်ကင်းကင်းနဲ့ ရဲကားဆီသို့ ခေါ်ဆောင်သွားတာကို မြင်တွေ့ရပါတယ်။

အဆိုပါ နမူနာပြုလုပ်ထားသည့် ညှပ်ကြီးကို ရဲများက အသုံးပြုနိုင်ရန် လေ့ကျင့်နေကြပြီး လက်တွေ့မြေပြင်တွင် ထုတ်သုံးခြင်းမရှိသေးကြောင်း ချန်ဒီဂါရဲဌါနမှ ပြောကြားခဲ့သည်။


04 May 2020     1,630 Views




RELATED

Most Popular of International News

Most Popular of NEWS