Covid-19 ကြောင့် မိန်းမလှလေးများ ပြည့်တန်ဆာဖြစ်လာမည်ဟု ဂျပန်လူရွှင်တော်ပြော
30 Apr 2020 1,570 Views
ဂျပန်နိုင်ငံက လူရွှင်တော် ‘တာကာရှီ အိုရာမူယာ’ က သူ့ရဲ့ ရေဒီယိုအစီအစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုကြီးက မိန်းမလှလေးများ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေးနိုင်တဲ့ အခွင့်ရေးကောင်းပဲဟု ပြောဆိုခဲ့မိတာကြောင့် အကြီးအကျယ်ဝေဖန်ပြောဆိုခံနေရပါတယ်။
‘တာကာရှီ အိုရာမူယာ’ က သူပြောမှား ဆိုမှားခဲ့တာတွေကို နောင်တရမိကြောင်း ပြန်လည်တောင်းပန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ပိတ်ရက်က ညပိုင်းမှာ သူတာဝန်ယူထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဉ် “All Night Nippon” မှာ အမျိုးသားတစ်ဦးက ဖုန်းခေါ်ဆိုပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနှိပ်ခန်းတွေ၊ ဇိမ်ခန်းတွေ ပိတ်ထားတဲ့အတွက် မသွားရတဲ့အကြောင်းကို မကျေမနပ်ဖြစ်ပြီး ပြောဆိုရာတွင် ‘အိုရာမူယာ’ က ထိုအမျိုးသားကို ဖြောင်းဖျသည့်အနေနှင့် “အခုအချိန်မှာတော့ အိမ်ထဲမှာပဲနေပြီး ပိုက်ဆံစုထားပါ၊ ကပ်ဆိုးကြီးပြီးသွားတဲ့အခါ ဆင်းရဲဒုက္ခရောက်နေကြတဲ့ မိန်းမချောလေးအသစ်လေးတွေ လိင်ဖျော်ဖြေရေးလုပငန်းတွေထဲကို ဝင်လာကြလိမ့်မယ်” ဟု ပြန်ကြားခဲ့တာကြောင့် အစီစဉ်ကို နားဆင်သူတွေ ဒေါသထွက်ခဲ့ကြပါတယ်။
ရေဒီယိုအသံလွှင့်ဌါနက ‘တာကာရှီ အိုရာမူယာ’ ပြောခဲ့တာနဲ့ပက်သက်ပြီး နားလည်မှုလွဲသွားတာဖြစ်ကြောင်း၊ အမျိုးသမီးတွေကို မလေးစားသလိုဖြစ်ခဲ့ရကြောင်း တောင်းပန်စာကို သူ၏ဝဘ်ဆိုက်မှာ တင်ထားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့သော ကြေညာချက်မှာ ‘တာကာရှီ အိုရာမူယာ’ က အခုလို ခက်ခဲနေကြတဲ့ အချိန်မျိုးမှာ ဒီစကားမျိုးပြောမိခဲ့တဲ့အတွက် အလွန်နောင်တရကြောင်း ဖော်ပြထားပါတယ်။