BEC-TERO TV

အီတလီတွင် Covid-19 ကိုအခွင့်ကောင်းယူပြီး မာဖီးယားများ ပြန်လည်ကြီးစိုးစပြု

30 Apr 2020     1,500 Views


အီတလီနိုင်ငံရှိ စာတိုက်တစ်ခု၏ ဝင်ပေါက်ဝတွင် မာဖီးယားဂိုဏ်သားတစ်ဦးက ဝင်ပေါက်ဝမှ ပိတ်ကာ လူတွေဆီကနေ ပိုက်ဆံကောက်ယူနေသော ရုပ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

မာဖီးယားဂိုဏ်းဟာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် လူတွေ ဆင်းရဲဒုက္ခကြုံနေရမှုကို အခွင့်ကောင်းယူပြီး ဂိုဏ်းသားအသစ်များ စုဆောင်းခြင်း၊ ရာဇဝတ်မှုကျူးလွန်ရန် လှုံ့ဆော်ခြင်းတို့ လုပ်ဆောင်လာနိုင်ကြောင်း ဒေသတွင်း သတင်းမီဒီယာများကေ ဖော်ပြကြသည်။

Sky News သတင်းဌါနမှ ထုတ်လွှင့်သော ရုပ်သံတစ်ခုတွင် လူဆိုးဂိုဏ်းဝင်တစ်ဦးက စာတိုက်အဝင်ပေါက်ဝတွင် လုံခြုံရေးသဖွယ်ရှိနေပြီးနောက် စာတိုက်သို့လာသော လူများထံကနေ ပိုက်ဆံရပြီးမှ ဝင်ခွင့်ပြုတဲ့ ပုံရိပ်များပါဝင်ပါတယ်၊ ဒါ့အပြင် အစိုးရအနေနဲ့ ပြည်သူတွေကို အစားအသောက်များ ထောက်ပံ့ကူညီဖို့ အော်ဟစ်ဆန္ဒပြနေတဲ့ ပုံရိပ်တွေလည်း ပါဝင်ခဲ့ပါတယ်။

ယခုဖြစ်စဉ်ဟာ Covid-19 ကြောင့် မတ်လ ၉ ရက်နေ့ကတည်းက lockdown ချခဲ့ပြီးနောက် အီတလီပြည်သူတွေ စီးပွားရေးကြပ်တည်းလာချိန်တွင် မာဖီးယားဂိုဏ်းက အစားအသောက်များကို အစောပိုင်းရက်များက လမ်းတွေပေါ်မှာ ဝေငှခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဂိုဏ်းသားတွေအခုလို အစားအသောက်တွေ ဝေတယ်ဆိုတာ သူတို့အကျိုးအတွက် သိမ်းသွင်းတာဖြစ်တယ်” လို့ ရာဇဝတ်မှုနှိမ်နင်းရေး ကျွမ်းကျင်သူအရာရှိ Sergio Nazzaro က ဆိုပါတယ်။

“အစားအသောက်တွေ၊ ဒီလိုကူညီမှုတွေက တစ်ကယ်တော့ အဆိပ်အတောက်တွေပဲ” ဟု မာဖီးယားပပျောက်ရေး ပါလီမန်ကော်မရှင်ရဲ့ ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူဟောင်း တစ်ဦးကလည်း ပြောကြားခဲ့သည်။

“အခုတော့ အခမဲ့ဝေတာပေါ့၊ နောက်တော့မှ အဲဒီအတွက် သူ့တို့ကို တစ်နည်းနည်းနဲ့ အလုပ်ပြန်လုပ်ပေးရတာ၊ မူးယစ်ဆေးဝါးမှောင်ခို ခိုင်းတာမျိုးပေါ့၊ မာဖီးယားဆိုတာ ဘယ်တော့မှ သူတစ်ပါးကို အလကားအကူအညီပေးတဲ့ကောင်တွေမဟုတ်ဘူး” ဟု Nazzaro က ဆိုပြီး သူ့အနေနဲ့ ဆာလောင်မွတ်သိပ်မှုကြောင့် မားဖီးယားဆီကနေ အစားအသောက်တွေယူခဲ့မိလို့ သူတို့ဂိုဏ်းသားဖြစ်သွားရတဲ့ အီတလီပြည်သူတွေကို အပြစ်မတင်လိုဘူးလို့ ဆိုပါတယ်။

“ဘယ်လိုလူတွေကများ သူတို့ရဲ့ လွပ်လပ်ခွင့်နဲ့ ဒီမ်ုကရေစီကို အစားအသောက် အတွက်နဲ့ လဲရက်မှာလဲ..? သူတေို့တွေ အခုလိုလုပ်တယ်ဆိုတာ ကျဉ်းထဲကြပ်ထဲ အရမ်းရောက်နေကြလို့ပါ” ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

မာဖီးယားတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်ကို မရောက်ခင်မှာ အီတလီအစိုးရအနေနဲ့ ပြည်သူတွေကို အစားအသောက်တွေ ချက်ခြင်းထောက်ပံ့သင့်ပြီလို့ ဆိုပါတယ်။ “မာဖီးယားတွေရဲ့ လှုပ်ရှားမှုက ကမ္ဘာပေါ်က မည်သည့်အစိုးရထက်မဆို သွက်လက်လျှင်မြန်တယ်၊ ကျွန်တော်တို့က ဒီမိုကရေစီဆိုတဲ့ ကရိယာကို ကိုင်ပြီး အလုပ်လုပ်ကြတယ်၊ သူတို့ကတော့ အကြမ်းဖက်မှုဆိုတာနဲ့ အလုပ်လုပ်ကြတယ်”

“ကျွန်တော်တို့က စကားနဲ့ညှိနှိုင်းတယ်၊ သူတို့က သေနတ်နဲ့ ဖြေရှင်းတယ်၊ ကျွန်တော်တို့မှာ မဲစနစ်ရှိတယ်၊ သူတို့မှာ သေနတ်တွေရှိတယ်။ ဒါကြောင့်မို အစိုးရအနေနဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ မာဖီးယားတွေထက် မြန်မြန်လှုပ်ရှားမှ ဖြစ်တော့မယ်” ဟု ပြောဆိုခဲ့ပါတယ်။

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၂၀၀,၀၀၀ ကျော်ရှိနေပြီး ၂၇,၀၀၀ ဟာ Covid-19 ကြောင့် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။


30 Apr 2020     1,500 Views




RELATED

Most Popular of International News

Most Popular of NEWS