Covid-19 ကာကွယ်ဆေးသစ် မျောက်များတွင် အစွမ်းပြ အများအပြားထုတ်ဖို့ဦးတည်
29 Apr 2020 1,475 Views
အောက်စ်ဖို့ဒ်တက္ကသိုလ်မှ တီထွင်စမ်းသပ်သော Covid-19 ကာကွယ်ဆေး၏ ရလာဒ်ကိ တိရိစ္ဆာန်များနဲ့ စမ်းသပ်ရာတွင် ရလာဒ်ကောင်းများ အစွမ်းပြသဖြင့် တစ်လအတွင်းမှာ အိန္ဒိယနိုင်ငံတွင် နောက်ထပ် အမြောက်အများ ထုတ်လုပ်ရန် မျှော်လင့်ထားကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးများ ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံက The Serum Institute က ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ စမ်းသပ်နေသည့် Covid-19 ကာကွယ်ဆေးသစ်ကို သန်း ၆၀ ကျော်ထိ ထုတ်လုပ်ရန် ရာထားကြောင်း ဧပြီလ ၂၈ ရက် အင်္ဂါနေ့က ပြောကြားလိုက်သည်။
ကာကွယ်ဆေးသစ် “ChAdOx1 nCoV-19” မှာ Covid-19 ကို ဆန့်ကျင်နိုင်သည့် အစွမ်းသတ္တိများ တိရိစ္ဆာန်များနဲ့ စမ်းသပ်ချက်တွင် သက်သေပြခဲ့ပြီးနောက် Serum က ယခုလို အမြောက်အများ ထုတ်လုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်၊ လူသားများနဲ့ စမ်းသပ်မှုမှာတော့ လုပ်ဆောင်နေဆဲဖြစ်ကြောင်း Serum ၏ အမှုဆောင်အရာရှိချုပ် Adar Poonawalla က ပြောကြားခဲ့သည်။
ကာကွယ်ဆေးအား မျောက် ၆ ကောင်တွင် ပြီးခဲ့သည့်လက မွန်တာနားရှိ ရောကီးမောင်တိန်ဓါတ်ခွဲခန်းတွင် ထိုးသွင်းစမ်းသပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိတွေ့ပေးခဲ့သော်လည်း ၂၈ ရက်ကြာပြီးသည်ထိ မျောက် ၆ ကောင်စလုံး ကျန်းမာရေးကောင်းမွန်ကာ Covid-19 ကူးစက်မှုမရှိတာကို တွေ့ခဲ့ရကြောင်း စမ်းသပ်မှုကို စီမံခန့်ခွဲသူ သုတေသနပညာရှင် Vincent Munster က ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် လူပေါင်း ၃ သန်းခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၂၁၀,၀၀၀ မှာ Covid-19 ၏ တိုးက်ခိုက်မှုဖြစ်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများနဲ့ သေဆုံးခဲ့ရပြီးဖြစ်သည်။ အခြားသော အလာအလာကောင်းသည့် Covid-19 ကာကွယ်ဆေးသစ်ပေါင်း ၁၀၀ နီးပါးကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ စမ်းသပ်လျှက်ရှိသည်။
အောက်စ်ဖို့ဒ်တက္ကသိုလ်မှ စမ်းသက်ထားသော ကာကွယ်ဆေးကို ထုတ်လုပ်ရာတွင် တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၄.၇၀ ကုန်ကျစရိတ်ရှိပြီး အိန္ဒိယအစိုးရအနေနဲ့ ပြည်သူတွေကို အခမဲ့ထောက်ပံ့သွားမည်ဖြစ်ကြောင်း Serum ဆေးထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဘီလီယံနာ Cyrus Poonawalla က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ရဲ့ ရုံးက ဆေးထုတ်လုပ်ရေးမှာ ပူးပေါင်းပါဝင်ဖို့ အခြေအနေအလွန်နီးစပ်နေပါတယ်၊ ကုမ္ပဏီအနေနဲ့လည်း ဆေးထုတ်လုပ်ရေးမှာ အစိုးရက အကူအညီပေးဖို့ မျှော်လင့်ထားပါတယ် ဟု ဆိုသည်။
အကြမ်းမျဉ်းအားဖြင့် နောက်လာမည့် ၅ လမှာ Serum အနေနဲ့ လစဉ် ကာကွယ်ဆေး ၃ သန်းကနေ ၅ သန်းထိ ထုတ်လုပ်နိုင်ဖို့ တစ်လလျှင် အမေရိကန်ဒေါ်လာ ၄.၄ သန်းကနေ ၅.၉ သန်းထိ အသုံးပြုဖို့ မျှော်မှန်းထာကြောင်း အစိုးရအနေနဲ့ ပူးပေါင်းပါဝင်မည်ဆိုပါက ဝမ်းသာမိပါကြောင်း ပြောကြားခဲ့ပါတယ်။