BEC-TERO TV

Lockdown ကိုင်တွယ်ရာတွင် လူ့အခွင့်အရေးကို လေးစားကြရန် နိုင်ငံတစ်ကာအစိုးရများအား U.N တိုက်တွန်း

28 Apr 2020     1,606 Views


ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ Covid-19 ကာလအတွင်း အရေးပေါ်အခြေအနေအဖြစ် ပြည်သူများကို ထိန်းသိမ်းကိုင်တွယ်ရာတွင် လူ့အခွင့်အရေးတိုင်းတာချက်များကို လေးစားလိုက်နာကြရန် လူ့အခွင့်အရေးဆိုင်ရာ U.N ဟိုက်ကော်မရှင်နာက နိုင်ငံတစ်ကာရှိ အစိုရများအားလုံးကို တိုက်တွန်းပြောကြားလိုက်သည်။

ယူအန်ဟိုက်ကော်မရှင်နာ “မီရှယ်လဲ ဘတ်ချလက်(Michelle Bachelet)” က တနင်္လာနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အရေးပေါ်အခြေအနေ သို့မဟုတ် ထူးခြားတဲ့အရေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ရသည်ဖြစ်စေ လူ့အခွင့်အရေးများကို မချိုးဖောက်သင့်ကြောင်း ဖော်ပြထားပါတယ်။

အရေးပေါ်အဏာပါဝါများကို ကပ်ရောဂါအချိန်ကာလမှာ အကျိုးရှိစွာစီမံခန့်ခွဲဖို့ မဖြစ်မနေသုံးစွဲရာတွင်လည်း အလွန်အကျွံမဖြစ်စေရန် သတိထားသင့်ပြီး အစိုးရအနေနဲ့ သဘောကွဲလွဲမှုများကို ကိုင်တွယ်ခြင်း၊ လူဦးရေကန့်သတ်ထိန်းချုပ်ခြင်း၊ အချုပ်အခြာအာဏာတည်မြဲစေရန် ဆောင်ရွက်ခြင်းတို့တွင် လက်နက်များ မသုံးသင့်ကြောင်း ‘ဘတ်ချလတ်’ က ပြောကြားခဲ့ပါတယ်။

ဟိုက်ကော်မရှင်နာရုံးအနေနဲ့ အရေးပေါ်လုပ်ကိုင်ဆောင်ရွက်ခြင်းတို့နဲ့ ပက်သက်ပြီး လမ်းညွှန်ချက်မူဝါဒအသစ် ထုတ်ပြန်လိုက်ရခြင်းတို့နဲ့ ပက်သက်ပြီး −

“ကျွန်မတို့ကို မတူညီတဲ့နေရာဒေသတွေကနေ တိုင်ကြားချက်အတော်များများပေးပို့လာတာရှိပါတယ်၊ အဲဒီအထဲမှာ ရဲတွေနဲ့ အခြားသော လုံခြုံရေးအင်အားစုတွေဟာ Lockdown အမိန့်နဲ့ အိမ်ပြင်မထွက်ရကာဖြူးအမိန့်တွေကို လိုက်နာဖို့ ပြည်သူတွေအပေါ် အင်အားအလွန်အကျွံသုံးပြီး ကိုင်တွယ်နေတယ်လို့ ပါရှိပါတယ်”

“အရေးပေါ်ထုတ်ပြန်ကြေညာချက်တွေကို ပြည်သူတွေလိုက်နာအောင် ကိုင်တွယ်တဲ့နေရာမှာ လူသားခြင်းစာနာတဲ့စိတ်ထားရှိရမှာဖြစ်ပါတယ်။ အကယ်၍ တရားဥပဒေစိုးမိုးရေးကို မထိန်းသိမ်းနိုင်ပါက ပြည်သူတွေအတွက် အရေးပေါ်ကျန်းမာရေး အန္တရာယ်ကနေ လူ့အခွင့်အရေး ကပ်ဘေးအန္တရာယ် အသွင်ပြောင်းသွားနိုင်ပြီး ရေရှည်အမှာ ဆိုကျိုးတွေဖြစ်ပေါ်လာပြီး ကပ်ရောဂါကြီးတစ်ခုလို ဖြစ်သွားပါလိမ့်မယ်” ဟု သတိပေးလိုက်ပါတယ်။

“စားစရာသောက်စရာမရှိလို့ ချမှတ်ထားတဲ့ ကာဖြူးအမိန့်တွေကို ချိုးဖောက်ပြီး အသည်အသန်အစာထွက်ရှာတဲ့သူတွေကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် နှိပ်စက်တယ်ဆိုတဲ့လုပ်ရပ်တွေဟာ လုံးဝလက်ခံနိုင်စရာမရှိဘူး” ဟု ‘ဘတ်ချလတ်’ က ဆိုပါတယ်။

တစ်ကမ္ဘာလုံးနီးပါးကနိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် အနေအထားမျိုးစုံနဲ့ တားမြစ် lockdown ချထားကြပါတယ်။ ကမ္ဘာလုံးအတိုင်းအတာနဲ့ လူပေါင်း ၃ သန်းနီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၂၀၆,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဂျွန်ဟော့ပ်ကင်းစ် ကိုရိုနာဗိုင်းရပ်စ် ရင်းမြစ်ဌါန၏ မှတ်တမ်းများအရ သိရသည်။


28 Apr 2020     1,606 Views




RELATED

Most Popular of International News

Most Popular of NEWS