တစ်ရက်ထဲမှာ ထောင်တွင်းလူသတ်မှု ၂၂ ခုကြောင့် ထောင်သားများအား စုပြုံထားရ
27 Apr 2020 1,897 Views

ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး၊ ဘေးကင်းလုံခြုံမှုမရှိဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ‘အယ်လ်ဆာဘဒါ’ နိုင်ငံရှိ အကျဉ်းထောင်များတွင် Covid-19 ကြောင့် Lockdown ချထားစဉ် ထောင်သားအချင်းချင်း သတ်ဖြတ်မှုနှုန်းများ မြင့်တက်လာခဲ့တဲ့အတွက် ထောင်သားတွေအားလုံးကို တစ်နေရာထဲမှာ စုရုံးပြီး ပြွတ်သပ်ညပ်နေအောင်ထားကာ တင်းကြပ်တဲ့ အစောင့်များနဲ့ ထိန်းသိမ်းထားရပါတယ်။
သမ္မတနာရစ်ဘူကလီ ရဲ့ အမိန့်နဲ့ ထောင်တွေထဲမှာရှိတဲ့ ဂိုဏ်းသားတွေအကုန်လုံးကို တစ်နေရာထဲမှာ စုပုံထားပြီး ၂၄ နာရီ Lockdown ချထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ တစ်ရက်ထဲမှာပင် ထောင်တွင်းဆူပူ လူသတ်မှုပေါင်း ၂၂ မှုရှိခဲ့ပါတယ်။
ဒီလိုဆူပူသောင်းကျန်းမှုတွေကို သမ္မတကပြန်လည် တုံ့ပြန်တဲ့အနေနဲ့ ဂိုဏ်းခေါင်းဆောင်တွေအားလုံးကို တိုက်ပိတ်ထားရန်၊ Lockdown လုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
သမ္မတက အပြင်းထန်ဆုံးအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် သတ်မှတ်ကာ လူသတ်မှုတွေကို ရဲတွေက စုံစမ်းစစ်ဆေးနေစဉ်တစ်လျှောက်လုံး ထောင်တွေမှာ Lockdown ချထားမည်ဟု တွစ်တာပေါ်ကနေ ရေးသားပြောဆိုခဲ့ပါတယ်။
‘အယ်လ်ဆာဘဒါ’ ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကနိုင်ငံတွေထဲမှာ လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံလည်း ဖြစ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းက လမ်းပေါ်က လူဆိုးဂိုဏ်တွေကြောင့် အရပ်သားပြည်သူ ၁၀၀,၀၀၀ ခန့် အိုးအိမ်တွေကို စွန့်ပစ်ပြီး ထွက်ပြေးခဲ့ကြရပါတယ်။
၂၀၁၅ ခုနှစ် ဂိုဏ်းတွေကို နှိန်နင်းခဲ့စဉ်က ခြိမ်းခြောက်တုံ့ပြန်တဲ့ မည်သူ့ကိုမဆို စိုးရိမ်စိတ်မထားပဲ ပစ်သတ်ရန် ရဲတွေကို အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။ ‘အယ်လ်ဆာဘဒါ’ နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ ၂၂ ရက်နေ့ကစပြီး Lockdown ချထားခဲ့ပါတယ်။ Lockdown ဥပဒေကို ချိုးဖောက်သူတွေကိုလည်း ထောင်ချရန် အမိန့်ထုတ်ပြန်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက စောစီးစွာ Lockdown ပြလုပ်ခဲ့တဲ့အတွက် လက်ရှိမှာ Covid-19 လူနာပေါင်း ၂၉၈ ယောက်ရှိပြီး ၈ ဦး သေဆုံးကြောင်း သိရသည်။ ‘အယ်လ်ဆာဘဒါ’ ဟာ အမေရိကအလယ်ပိုင်း နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးခဲတဲ့ ဇွန်လမှာ ‘နာရစ်ဘူကလီ’ သမ္မတဖြစ်လာပြီးနောက် ယခင်ကထက် ရာဇဝတ်မှုတွေ သိသိသာသာလျှော့နည်းလာခဲ့သည်။