BEC-TERO TV

ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်လူနာ (လုံးဝ)မရှိတော့ကြောင်း ထုတ်ပြန်

27 Apr 2020     1,579 Views


တစ်ကမ္ဘာလုံးကို ကူးစက်ပြန့်နှံ့စေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် Covid-19 စတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ်လူနာ လုံးဝကင်းစင်သွားပြီဖြစ်ကြောင်း ဧပြီလ ၂၆ ရက်(တနင်္ဂနွေနေ့)က တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင် က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှစကာ လေးလကြာမျှ ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပွားခဲ့သည့် ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၄၆,၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ ယင်းပမာဏဟာ တစ်နိုင်ငံလုံးရှိ ကိုရိုနာဗိုင်းရပ်စ်လူနာ အရေအတွက်၏ ထက်ဝက်ကျော်ခန့် ဖြစ်ပါတယ်။ အချို့သော ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက ထုတ်ပြန်ထားတဲ့ အတည်ပြုလူနာများရဲ့အရေအတွက်ထက် တစ်ကယ့်လက်တွေမှာတော့ ၁၀ ဆကျော်ရှိနိုင်ကြောင်း သုံးသပ်ထားပါတယ်။

“အခုနောက်ဆုံး ဧပြီ ၂၆ ရက်နေ့ သတင်းအရ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်လူနာ သုညဖြစ်သွားပါပြီ၊ ဝူဟန်မြို့နဲ့ အနီးပတ်ဝန်းကျင်က ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင် ၏ ပြောရေးဆိုခွင့်ရှိသူ ‘မီဖန်း(Mi Feng)’ က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အာဏာပိုင်များက ဝူဟန်မြို့ကို ဇန်နဝါရီလ ၂၈ ရက်နေ့က အဝင်အထွက်များအားလုံးပိတ်ကာ Lockdown ချခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ စတင်ကာ အနီးနားရှိမြို့များကိုပါ ဆက်တိုက် ပိတ်ဆို့ခဲ့ကြသည်။

ဧပြီလ ၈ ရက်နေ့တွင် ကန့်သတ်ပိတ်ဆို့မှုများကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သော်လည်း အချို့သောနေရာများတွင်မှု ပုံမှန်နေထိုင်သွားလာခွင့်မရသေးကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၁ ရက်အတွင်း ဝူးဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ၃ ခု သာရှိခဲ့ပြီး ဧပြီ ၂၆ ရက်နေ့မှာ Covid-19 လူနာ လုံးဝမရှိတော့ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

စာသင်ကျောင်းတွေကိုတော့ ပိတ်ထားဆဲဖြစ်ပြီး နယ်မြေအာဏာပိုင်များက လူတွေကို ဖြစ်နိုင်ရန် အိမ်ထဲမှာသာ နေထိုင်ကြရန် တိုက်တွန်းနေဆဲဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ရထားသည့် လူများကို အများပြည်သူနေရာများဖြစ်သည့် စားသောက်ဆိုင်၊ ဟိုတယ်တို့ကို သွားလာခွင့်ပြုထားပြီး ကျန်းမာရေးအထူးကောင်းမွန်အဆင့် ရရှိထားသူများအား ခရီးသွားလာနိုင်ကြောင်း သိရသည်။

ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကတော့ ပြည်သူတွေ မြေအောက်ရထားဘူတာရုံတွေမှာ ပြန်လည်ပြည့်နှက်လာပြီး ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းအဖြစ် ပြန်လည်ကူးစက်လာမှုကို စိုးရိမ်မှုများရှိနေပါတယ်။

တရုတ်နိုင်ငံမှာ ကန့်သတ်ထိန်းချုပ်မှုတွေကို ဖယ်ရှားလိုက်ခြင်းဟာ အီတလီနိုင်ငံ သို့မဟုတ် အမေရိကန်နိုင်ငံကနေ တစ်နေ်ပြန်လည်ဝင်ရောက် ကူးစက်မှုတွေ ဖြစ်လာနိုင်ကြောင်း ဟောင်ကောင်တက္ကသိုလ်မှ လက်တလော လေ့လာထားချက်များအပေါ် ကိုးကားပြီး ဖော်ပြထားပါတယ်။


27 Apr 2020     1,579 Views




RELATED

Most Popular of International News

Most Popular of NEWS