အိန္ဒိယ၌ Lockdown ချထားစဉ် (၇)နှစ်သမီးလေး အဓ္မမပြုကျင့် မျက်စိဓါးထိုးခံရ
24 Apr 2020 1,508 Views
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် Lockdown ချထားစဉ်အတွင်း အသက် (၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ခြေ၊ လက်များအား ကြိုးတုပ်ပြီး အဓ္ဓမပြုကျင့်ကာ မျက်လုံးများကိုလည်း ဓါးဖြင့်ထိုးခံရမှု ဖြစ်ပွားခဲ့သည်။
မက်ဒရာပါရာဒက်ရှ် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အဆိုပါရာဇဝတ်မှုသတင်းကြောင့် နိုင်ငံနဲ့အဝှမ်းမှ ပြည်သူများ ယမ်းပုံမီးကျ ဒေါသအိုးပေါက်ကွဲကုန်ကြသည်။
ကလေးမလေးအား ဒါမိုးစီရင်စုရှိ ရွာတစ်ရွာ၏အပြင်ဘက် စွန့်ပစ်ထားသော နေအိမ်ဟောင်းတစ်လုံးတွင် ဒဏ်ရာများနဲ့ ကြိုးတုပ်ထားလျှက် တွေ့ရှိခဲ့ရသည်။ အနီးနားတွင် နေထိုင်ကြသော ဒေသခံများက “အမေ၊ အမေ” ဟု ကလေးမလေး၏ အော်ဟစ်ညည်းတွားသံကို ကြားပြီးနောက် တွေ့ခဲ့ကြခြင်းဖြစ်သည်။
မိန်းကလေးအား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြပြီး ဒဏ်ရာဗရာပွဖြစ်နေသော ကလေးမလေးအား ဆရာဝန်များက အသက်လု ကယ်ဆယ်ခဲ့ကြရသည်။ ယခုဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံတွင် Lockdown ကာလအတွင်း ၃ ခုမြောက် မုဒိန်းမှုဖြစ်ကြောင်း သိရသည်။
ရဲဌါနက ပြစ်မှုကျူးလွန်သူကို သတင်းပေးနိုင်သူအား ရူပီး ၁၀,၀၀၀ ဆုချမည်ဟု ကြေညာထားသည်။ တရားခံမှာ အသက် ၂၀ အရွယ် ‘ဆာချင်ဆန်’ ဆိုသူဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“သံသယတရားခံက မိန်းကလေးကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းလောက်မှာ သွေးဆောင်ဖြားယောင်းပြီး လူမနေတဲ့ အိမ်ဟောင်းတစ်လုံးထဲကို ခေါ်သွားတယ်၊ အဲဒီမှာ ကလေးမလေးကို ကြိုးတုပ်ပြီး ပြစ်မှုကျူးလွန်တော့တာပဲ” ဟု ရဲစုံထောက် ‘ဆာဂါ ရှာမာ’ က ပြောသည်။
တရားခံဟာ မိန်းကလေးကို သေပြီဟုထင်ပြီး ထားရစ်ကာခဲ့ခြင်းဖြစ်သည်။ မိန်းကလေးကို တွေ့ခဲ့ကြပြီးနောက် မြို့နယ်ဆေးရုံသို့ ပို့ခဲ့ကြပြီး ထိုမှတစ်ဆင့် ဂျာဘယ်ပါဆေးတက္ကသိုလ်ဆေးရုံသို့ ထပ်ဆင့်လွှဲပြောင်းပေးခဲ့ကြသည်။ ဆေးစစ်ချက်အရ အဓ္ဓမပြုကျင့်ခံထားရကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။
မိန်းကလေး၏ မျက်လုံးများမှာ ယောင်ကိုင်းနေပြီး မျက်စိအထူးကုများ၏ ဆေးစစ်ချက်အရ ဒဏ်ရာများမှာ အထူးစိုးရိမ်စရာမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း မက်ဒရာပါရာဒက်ရှ် နယ်မြေအတွင်းတွင် အမျိုးသမီးတစ်ဦးအား မည်သူမည်ဝါမှန်းမသိသည့် အမျိုးသားတစ်ဦးက အဓ္ဓမပြုကျင့်ခံခဲ့ကြောင်း သိရသည်။ အမျိုးသမီး၏ ခင်ပွန်းနှင့် မိသားစုက Lockdown ကြောင့် အခြားမြို့တစ်မြို့တွင် ပိတ်မိနေစဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။