BEC-TERO TV

တရုတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အမေရိကန်ဒေါ်လာ သန်း ၃၀ ထပ်မံလှုဒါန်းမည်

23 Apr 2020     1,538 Views


Covid-19 တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် သုံးစွဲရန် တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ထပ်မံလှုဒါန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါနမှ ပြောရေးဆိုခွင့်ရှိသူ "ဟွာချန်ရင်း(Hua Chunying)" က ဧပြီလ ၂၃ ရက် ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
 
 
လူမှုကွန်ယက် တွစ်တာပေါ်မှတစ်ဆင့် ပြောကြားခဲ့ရာတွင် Covid-19 အတွက် ရုန်းကန်နေရသော ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီနိုင်ရန်ရည်ရွယ်ပြီး လှူဒါန်းခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ မတ်လ (၁၁)ရက်နေ့ကလည်း WHO ကို အမေရိကန်ဒေါ်လာ သန်း၂၀ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

23 Apr 2020     1,538 Views




RELATED

Most Popular of International News

Most Popular of NEWS