BEC-TERO TV

သတိထားရမည့် ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာအသစ် “Covid toes”

23 Apr 2020     2,835 Views


ခြေချောင်းလေးတွေထိပ်မှာ ထူးထူးဆန်းဆန်း အညိုအမည်းစွဲ ယောင်ရမ်းလာခြင်းဟာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ရဲ့ လက္ခဏာရပ်အသစ်ဖြစ်နိုင်ပြီး “Covid toes” ဟု ခေါ်တွင်ကြောင်း အမေရိကန် ဆေးပညာရှင်များက သတိပေးလိုက်ပါတယ်။

အခုလို ထူးဆန်းတဲ့အခြေအနေမျိုးကို အမေရိကန်နိုင်ငံ အနောက်မြောက်ဘက်ပိုင်းမှာရှိတဲ့ နေရာဒေသအစုံက Covid-19 လူနာများမှာ ဖြစ်ပေါ်လာတာကိုတွေ့ရကြောင်း မန်ဆာချူးဆက် အထွေထွေဆေးရုံကြီး၏ အရေးပေါ်ကုသရေးဌါနမှ အကြီးအကဲဖြစ်သူ ဆူဇန်ဝေလ်ကော့ဇ်(Susan Wilcox) က USA today သတင်းဌါနကို ပြောဆိုခဲ့ပါတယ်။ ဒီလက္ခဏာမျိုးကို အသက်ရှုလမ်းကြောင်း ဝေဒနာရှင်အများစုမှာ တွေ့ရလေ့ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီလိုရောဂါလက္ခဏာကို Covid-19 လူနာ အယောက် ၃၀ ခန့်မှာ တူညီစွာတွေ့ရပြီး အရေပြားရောဂါဗေဒပညာရှင်များကပင် အခုလို ခြေချောင်းလေးများ ရောင်ယမ်းခြင်းဟာ Covid-19 နဲ့ ဆက်စပ်မှုရှိနေနိုင်တယ်ဆိုတဲ့အပေါ် အံ့သြနေကြပါတယ်။

အခုလို ခြေချောင်းလေးများ ယောင်ရမ်းတဲ့ လူအချို့ကို ဆေးစစ်ကြည့်ခဲ့ရာ Covid-19 negative ပြခဲ့ပေမယ့် ဆရာဝန်တွေကတော့ ဒီနှစ်ခုဟာ ဆက်စပ်နေနိုင်တယ်လို့ ယူဆထားကြတုန်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ခြေချောင်းလေးတွေ ယောင်ရမ်းတာဟာ ကိုရိုနာဗိုင်းရပ်စ် Covid-19 နဲ့ အပြန်အလှန်ဆက်နွယ်မှုရှိနေတယ်ဆိုတာကို ခြေဖဝါးနာအထူးကုဆရာဝန်များ နဲ့ အရေးပြား အထူးကုဆရာဝန်များက သတိထားမိနေသော်လည်း “Covid toes” ကိုတော့ Covid-19 ရဲ့ လက္ခဏာတစ်ရပ်အဖြစ် တရားဝင် အသိအမှတ်ပြုထားခြင်းမရှိသေးပါဘူး။

အပြည်ပြည်ဆိုင်ရာ ခြေးဖဝါးနာကု အဖွဲ့ချုပ်ကြီးက လက်တလော ထုတ်ပြန်ထားသော အမှုတစ်ခုတွင် ၁၃ နှစ်သားလေးတစ်ဦးဟာ သူ့ရဲ့ခြေချောင်းလေးတွေ နှစ်ဖက်စလုံးမှာ ဒဏ်ရာလေးတွေ ရုတ်တရက်ပေါ်လာခဲ့ပါတယ်။ ၂ ရက်လောက်အကြာမှာတော့ Covid-19 ရဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ အပြင်းဖျားတာ၊ ကြွက်သားတွေနာကျင်တာ၊ ခေါင်းကိုတာတွေနဲ့အတူ သူ့ခြေချောင်းက ဒဏ်ရာလေးတွေက ယာယံပြီး အပူလောင်သလိုဖြစ်လာပါတယ်။ ကလေးကို မိသားစုတွေက ကိုရိုနာဗိုင်းရပ်စ် စစ်ဆးခြင်းမပြုခဲ့သလို သူတို့ကိုယ်တိုင်လည်း မစစ်ဆေးခဲ့ကြပါဘူး ဒါပေမယ့် ကလေးမှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေ မပြမီကတည်းက သူ့ရဲ့အစ်မနဲ့ အမေတို့မှာ လက္ခဏာတွေ ပြခဲ့ပါတယ်။ ကလေးရဲ့ ခြေထောက်က ဒဏ်ရာတွေကတော့ တစ်ပတ်အတွင်းမှာ ပြန်ပျောက်သွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံ အရေပြားကုတက္ကသိုလ် ကလည်း “Covid toes” အပါအဝင် အရေးပြားပြဿနာအချို့ဟာ Covid-19 နဲ့ ဆက်စပ်မှုရှိနေနိုင်ကြောင်း၊ ဒါကြောင့်မို့ ဒီဆက်စပ်မှုကို ကောင်းစွာသိရှိအောင်လုပ်ရန် မှတ်တမ်းတင်ထားကြောင်း ကျန်းမာရေးသတင်းဌါန Health တွင် ဖော်ပြထားသည်။


23 Apr 2020     2,835 Views




RELATED

Most Popular of International News

Most Popular of NEWS