နယူးယော့ခ်တိရိစ္ဆာန်ရုံတွင် ကျား(၄)ကောင်နှင့် ခြင်္သေ့(၃)ကောင် Covid-19 နောက်တိုးတွေ့ရှိ
23 Apr 2020 1,600 Views
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရှိ Bronx တိရိစ္ဆာန်ရုံတွင် ၄ နှစ်အရွယ် မလာရန်းအမျိုးအစား ကျားမတစ်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး သိပ်မကြာခင်မှာပင် နောက်ထပ် ကျား(၄)ကောင် နှင့် ခြင်္သေ့(၃)ကောင် တို့တွင်ပါ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်နေကြောင်း ထပ်မံတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
တိရိစ္ဆာန်ရုံတာဝန်ရှိသူ အာဏာပိုင်းများ၏ ပြောကြားချက်အရ နောက်ထပ် ကျား(၃)ကောင်နှင့် အာဖရိကခြင်္သေ့(၃)ကောင်တို့ ချောင်းတွေဆိုးနေသဖြင့် ယင်းတို့၏ ခံတွင်းတို့ပတ်များကို စစ်ဆေးရန် ပေးပို့ထားခဲ့ရာ Covid-19 positive အဖြေထွက်ရှိခဲ့ခြင်းဖြစ်သည်။ အခြား ကျားတစ်ကောင်မှာ ဗိုင်းရပ်စ်၏ လက္ခဏာရပ်များ မပြသသော်လည်း ဆေးစစ်ချက်အရ Positive အဖြေပင် ထွက်ရှိခဲ့ကြောင်း သိရသည်။
လက်ရှိအခြေအနေထိတော့ တိရိစ္ဆာန် (၇)ကောင်စလုံး ပုံမှန်အခြေအနေဖြင့်ပင် လှုပ်ရှားပြုမူနေကြပြီး အစားအသောက်လည်း ကောင်းကောင်းစားသလို ချောင်းဆိုးတာလည်း အတော်ပင် သက်သာနေပြီဖြစ်ကြောင်း သိရသည်။
ယခုလို တိရိစ္ဆာန်းများ Covid-19 ကူးစက်ခံရခြင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော တိရိစ္ဆာန်ရုံဝန်းထမ်းမှ တစ်ဆင့်ဖြစ်နိုင်ကြောင်း ယုံကြည်ထားကြသည်ဟု NBC NewYork သတင်းတွင် ေဖော်ပြထားသည်။