Covid-19 ကြောင့် အင်ဒိုနီးရှားတွင် သုဘရာဇာများ နားချိန်မရှိအောင် သင်္ဂြိုလ်ပေးနေရ
22 Apr 2020 1,617 Views
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အရှေ့ပိုင်းရှိ ပွန်ဒေါက်ရန်ဂွန် သုဿာန် မှ အသက် ၅၄ နှစ်အရွယ် ‘မင်နာ’ ဆိုတဲ့ သုဘရာဇာကြီးတစ်ဦးက သူ၏လုပ်သက် ၃၃ နှစ်တွင် ယခုကဲ့သို့ အနားယူချိန်တောင်မရှိပဲ မြေကျင်းများ ဆက်တိုက်တူးနေရပြီး လူသေများမြုတ်နှံခဲ့ရမှုမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ကြောင်း ပြောဆိုပါတယ်။
အင်ဒိုနီးရှားမှာ Covid-19 ပြန့်နှံ့မှုနဲ့ ဆက်စပ်ကာ မတ်လအလယ်ပိုင်းလောက်ကနေစပြီး သေဆုံးမှုတွေ ဆက်တိုက်ဆိုသလို မြင့်တက်လာတာကြောင့် ‘မင်နာ’ ကဲ့သို့ပင် အခြားသော သင်္ချိုင်းများက သုဘရာဇာများလည်း အလုပ်နဲ့လက်မပြတ်အောင် ရှိနေခဲ့ပါတယ်။
“အခုဆိုရင် ကျွန်တော့်အလုပ်က မလွယ်တော့ဘူး၊ နားချိန်တောင် မရှိတော့ဘူးဗျာ” ဟု CNA သတင်းဌါနကို ပြောသည်။
“အခုဆိုရင် နေ့တိုင်း အလောင်းတွေ အများကြီး ရောက်ရောက်လာတာကြောင့် ကျင်းတွေ ဆက်တိုက်တူးနေရတဲ့အတွက် အရမ်းကိုပင်ပန်းနေပြီ”
ဧပြီလ ၂၁ ရက်နေ့ထိ အင်ဒိုနီးရှားနိုင်ငံမှာ Covid-19 လူနာပေါင်း ၇,၁၀၀ ရှိနေပြီး အရှေ့တောင်အာရှမှာ အသေအပျောက်နှုန်းစာရင်းရဲ့ ၉ ရာခိုင်းနှုန်းထိ ရှိလာနေပါတယ်။
ဒီအထဲက တစ်ဝက်လောက်က ဂျာကာတာမြို့မှာ ဖြစ်ပွားနေပြီး လူပေါင်း ၃၀၀ ဝန်းကျင် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
Covid-19 ကြောင့် သေဆုံးသူတွေနဲ့ ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ သံသယရှိတဲ့ အလောင်းတွေကို ‘မင်နာ’ အလုပ်လုပ်နေတဲ့ ဂျာကာတာမြို့အရှေ့ပိုင်းက သုဿာန်တစ်ခုနဲ့ ဂျာကာတာမြို့အနောက်ပိုင်းက သုဿာန်တစ်ခုတို့မှာသာ မြုတ်နှံသင်္ဂြိုလ်ဖို့ ဒေသန္တရအစိုးရက သီးခြားသတ်မှတ်ပေးထားပါတယ်။ မြို့တော်မှာရှိတဲ့ သူဿာန်တွေမှာ မြေနေရာလွတ်တွေ ရှိသေးတယ်လို့ အစိုးရက ဆိုပါတယ်။
Covid-19 နဲ့ ဆက်စပ် သေဆုံးခဲ့တဲ့ လူပေါင်း ၁,၀၀၀ ကျော်ကို သင်္ဂြိုလ်ပြီးခဲ့ကြောင်း ဒေသန္တရာအစိုးရက ပြောကြားခဲ့ပြီး အများစုမှာ ဆေးစစ်ချက် အဖြေမထွက်မီ သေဆုံးခဲ့သူများဖြစ်ကြောင်း သိရသည်။
ပွန်ဒေါက်ရန်ဂွန် သုဿာန်တွင် ဂျာကာတာအစိုးရက ခန့်ထားသော မြေကျင်းတူးသူ ၈၀ ခန့်ရှိပြီး သူတို့ကို အဖွဲ့ ၄ ဖွဲ့ခွဲကာ အလှည့်ကျတာဝန်များ ချထားကြောင်း ‘မင်နာ’ က ပြောသည်။
အဖွဲ့တစ်ဖွဲ့ကို သီတင်းတစ်ပတ် တာဝန်ယူရပြီး အဲဒီအထဲမှာ မြေကျင်းတူးတာ၊ အုတ်ဂူတွေ သန့်ရှင်းရေးလုပ်တာ၊ မြက်ရိတ်တာ၊ သုဿာန်ထဲက ရေဆိုးပိုက်တွေ သန့်ရှင်းရေးလုပ်ရတာတွေ ပါဝင်ပါတယ်။
အဖွဲ့တိုင်းက အဓိကတာဝန်ကြီး ၄ ရပ်ကို တာဝန်ကျနေတဲ့ တစ်ပတ်အတွင်းမှာ ပြီးစီးအောင် လုပ်ကိုင်ရပါတယ်၊ ‘မင်နာ’ ကတော့ မြေကျင်တူးတဲ့အလုပ်ကို တစ်လမှာ တစ်ပတ် လုပ်ရပါတယ်။ ဒါပေမယ့် Covid-19 ဖြစ်ပွားပြီး နောက်ပိုင်းမှာတော့ အခြားအလုပ်တာဝန်တွေကိုတောင် မလုပ်နိုင်တော့ပဲ နေ့တိုင်း လူသေတွေမြုတ်နိုင်ဖို့ မြေကျင်းတွေချည်း ဆက်တိုက် တူးနေရပါတယ်။
မြေကျင်းတစ်ခုကို တူးချိန်က ၂ နာရီခန့်ကြာပြီး အခုဆိုရင် ‘မင်နာ’ က တစ်ရက်မှာ အနည်းဆုံး ကျင်း ၅ ကျင်း ပြီးအောင် တူးနေရပါတယ်။
“ကျွန်တော်က အခုဆိုရဲ့ အချိန်နဲ့ အပြိုင်ကျင်းတွေတူးနေရတယ်၊ တစ်ခါတစ်လေ အလောင်းက ရောက်နေပြီ သူ့ကိုမြုတ်ဖို့ ကျင်းက အဆင်သင့်မဖြစ်သေးဘူး” ဟု ဆိုပါတယ်။
‘မင်နာ’ ကဲ့သို့ပင် အခြားသော သုဿာန်မှ သုဘရာဇာ မြေကျင်းတူးသမားတွေလည်း ဆက်တိုက်ဆိုသလို ရောက်လာတဲ့ လူသေအလောင်းတွေကြောင့် အလုပ်နဲ့လက် မပြတ် မြေကျင်းတွေ ဆက်တိုက် တူးနေရကြောင်း CNA သတင်းတွင် ဖော်ပြပါရှိသည်။