BEC-TERO TV

နိုင်ငံတွင်းသို့ ပြောင်းရွေ့အခြေချမှုများ ယာယီပိတ်ရန် ဒေါ်နယ်ထရမ့် အမိန့်ထုတ်မည်

21 Apr 2020     1,524 Views


ယူအက်စ်သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ပြောင်းရွေ့အခြေချနေထိုင်မှုများကို ယာယီရပ်ဆိုင်းတားမြစ်မည့် စီမန်ခန့်ခွဲမှု အမိန့်ကို သဘောတူလက်မှတ်ထိုးမည်ဖြစ်ကြောင်း ဧပြီလ ၂၀ ရက် တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။

“မမြင်နိုင်တဲ့ ရန်သူတော်တွေဆီကနေရဲ့ တိုက်ခိုက်ပြီဆိုတဲ့အချက်ပြလိုက်သလို ကျွန်တော်တို့ရဲ့ ကြီးမြတ်လှတဲ့ အမေရိကန်ပြည်သူတွေကိုလည်း ကာကွယ်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံအတွင်းကို ရွေ့ပြောင်းအခြေချနေထိုင်မှုတွေအားလုံးကို ယာယီရပ်ဆိုင်းတဲ့ အစီအစဉ်ကို ကျွန်တော် လက်မှတ်ထိုးသွားပါမယ်” ဟု ထရမ့် က သူ့ရဲ့လူမှုကွန်ယက် တွစ်တာပေါ်ကနေ တနင်္လာနေ့ ညပိုင်းမှာ ရေးသားပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ Covid-19 ကပ်ရောဂါ တိုက်ခိုက်မှုကို အဆိုးရွားဆုံးခံစားနေရပြီး အမှုပေါင်း ၇၈၄,၀၀၀ ရှိနေပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတထရမ့် က ပြည်နယ်အစိုးရတွေနဲ့ လက်တွဲကာ နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်အတွက် အရင်းအမြစ်တွေ လိုအပ်မှု ရှိမရှိကို ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံသားတွေကိုလည်း တစ်ဦးနဲ့တစ်ဦး ရှိသင့်တဲ့ အကွာအဝေးသတ်မှတ်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံအဝှမ်းမှာ ဆန္ဒပြသူတွေက စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် lockdown ဥပဒေတွေကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနေကြတာတွေလည်း ရှိနေပါတယ်။


21 Apr 2020     1,524 Views




RELATED

Most Popular of International News

Most Popular of NEWS