ကင်ဂျွန်အန်၏ ကျန်းမာရေး အဆိုးကြီးမဟုတ်ကြောင်း တောင်ကိုရီးယားပြောဆို
21 Apr 2020 1,511 Views
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျွန်အန် ဟာ ယခုလအစောပိုင်းက နှလုံးခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ကျန်းမာရေးအခြေအနေ ဆိုးရွားလာကာ အသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထားရှိကြောင်း ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက သတင်းများထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် ကင်ဂျွန်အန် ရဲ့ ကျန်းမာရေအခြေအနေ ဆိုးဆိုးရွားရွားမရှိကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟက်ပ် က အစိုးရကိုတိုက်ရိုက်ကိုးကားပြီး စီအန်အန် သတင်းဌါနက ထုတ်ပြန်ခဲ့သည့် “ခွဲစိပ်မှုခံယူပြီးနောက် ကင်ဂျွန်အန် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း” သတင်းကို ဆန့်ကျင်၍ ဧပြီ ၂၁ ရက်(ယနေ့) တွင် ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ‘ကင်ဂျွန်အန်’ ဟာ နှလုံးခွဲစိတ်ခံယူမှုကို ယခုလ အစောပိုင်းကတည်းက ခံယူခဲ့ရပြီး မြောက်ကိုရီးယား၏ အရေးအကြီးဆုံး အထိမ်းအမှတ်နေ့ဖြစ်သည့် ဧပြီလ ၁၅ ရက်တွင် ကျရောက်ခဲ့သော နှစ်ပတ်လည် အမျိုးသားနေ့အခမ်းအနားတွင် တက်ရောက်နိုင်ခဲ့ခြင်း မရှိပါ။
ကင်ဂျွန်အန် ၏ အဖိုးဖြစ်သူ၊ နိုင်ငံကို ထူထောင်ခဲ့သူ ‘ကင်အီလ်ဆောင်’ ၏ မွေးနေ့ ဧပြီ ၁၅ ရက်နေ့ကို မြောက်ကိုရီးယားနိုင်ငံ၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
‘ကင်ဂျွန်အန်’ ဟာ ဆေးလိပ်အလွန်သောက်ခြင်း၊ အဝလွန်ခြင်းနှင့် အလုပ်၏ပင်ပန်းမှုဒဏ်များကြောင့် နှလုံးနဲ့ပက်သက်သည့် ဝေဒနာကို ပြီးခဲ့တဲ့ သြဂုတ်လကတည်းက လအတော်ကြာခံစားခဲ့ရပြီးနောက် ယခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဆေးရုံတက်ကာ ကုသမှုခံယူခဲ့ရကြောင်း Daily NK သတင်းဌါနမှ ဖော်ပြခဲ့သည်။
‘ကင်ဂျွန်အန်’ ကို ဧပြီလ ၁၁ ရက်နေ့က အများပြည်သူရှေ့မှာ နောက်ဆုံးတွေ့မြင်ကြရပြီး နှစ်ပတ်လည် အမျိုးသားနေ့အခမ်းအနားကိုလည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိပါ။ ထို့နောက် ‘နှလုံးခွဲစိတ်ပြီးနောက် ‘ကင်ဂျွန်အန်’ အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရကြောင်း သတင်းများ ပေါ်ထွက်ခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့မှာတော့ တောင်ကိုရီးယား သတင်းအေဂျင်စီက ‘ကင်ဂျွန်အန်’ အလွန်အမင်းဖျားနားနေခြင်းမှာ မဟုတ်ကြောင်း CNA သတင်းဌါနတွင် ရေးသားဖော်ပြထားသည်။