BEC-TERO TV

စင်ကာပူတွင် Covid-19 ကာလအတွင်း ကျောင်းသား ၄,၀၀၀ ကျော်ကို ကျောင်းပြန်တက်ခွင့်ပြု

20 Apr 2020     1,509 Views


စင်ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ပြန့်နှံ့မှုများ အရှိန်မသေသေးသော်လည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် ကောလိပ်ကျောင်းသား ၄,၀၀၀ ကျော်ကို စာသင်ခန်းများသို့ သွားရောက်ကာ ကျောင်းတက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌါနက ဧပြီ ၂၀ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

ယခုကဲ့သို့ စာသင်ကျောင်းများ၊ ကောလိပ်များကို သွားရောက်ပြီး ဆက်လက်ပညာသင်ကြားရမည့် အရေအတွက်မှာ တစ်နိုင်ငံလုံးရှိ ကျောင်းသားစုစုပေါင်း၏ ၁% သာဖြစ်သည်။

“ဒီကျောင်းသားတွေဟာ အခြေခံအားဖြင့်တော့ သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေကိုယ်တိုင် လုပ်ငန်းခွင်ထဲကို မဖြစ်မနေ ပြန်ဝင်ရမယ့်သူတွေဖြစ်ပြီး အိမ်မှာ သူတို့ကို အုပ်ထိမ်းမယ့်သူ မရှိတဲ့ ကလေးတွေဖြစ်ပါတယ်၊ အဲဒီအတွက် ကျောင်းတွေကလည်း နည်းပညာ သင်ထောက်ကူ ပစ္စည်းတွေနဲ့ ကိုယ်တိုင်ကိုကျ သင်ကြားမှုတွေကို ထပ်လောင်း ထောက်ပံ့ဂရုစိုက်မှုတွေ ပံ့ပိုးသွားဖို့ စီစဉ်ထားပါတယ်” ဟု ပညာရေဝန်ကြီးဌါနရဲ့ ဒါရိုက်တာ Ms Liew Wei Li က ပြောကြားခဲ့ပါတယ်။

“ကျောင်းများအားလုံးက Covid-19 ကာကွယ်ရေး လမ်းညွှန်ချက်တွေကို အပြည့်အဝလိုက်နာပြီး ဖွင့်လှစ်ထားပါတယ်၊ ဒါဟာ အချိန်ပြည့်အိမ်ကနေသင်ယူနေတဲ့ ပညာရေးစနစ်ထဲမှာမှ ထပ်မံပံ့ပိုးဖို့လိုအပ်တဲ့ ကျောင်းသားအုပ်စု အသေးလေးအတွက်ပါ” ဟု ဆိုပါတယ်။

“ဒီအတောအတွင်းမှာလည်း ကျောင်းတွေမှာ ဝန်ထမ်းနည်းနိုင်သမျှ အနည်းဆုံးထားရှိပြီး ကျောင်းတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိန်းညှိဆောင်ရွက်နေပါတယ်” ဟု ဆိုပါတယ်။

စင်ကာပူနိုင်ငံဝန်ကြီးချုပ် ‘လီရှန်လွန်း’ က Covid-19 ကာလမှာ ကျောင်းတွေကို ဧပြီလ ၈ ရက်နေ့ကနေ မေလ ၄ ရက်နေ့ထိ တစ်လကြာ ပိတ်ထားပြီး အိမ်ကနေပဲ အဝေးရောက်သင်ယူကြဖို့ ဧပြီ ၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဧပြီလထဲမှာ ကွန်ပြူတာ တက်ဘလက်၊ လက်ပ်တော့များအပါအဝင် သင်ထောက်ကူပစ္စည်း ၃,၃၀၀ ဝန်းကျင်ကို ပညာရေးဝန်ကြီးဌါနက ငှားရမ်းပေးထားပြီဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။


20 Apr 2020     1,509 Views




RELATED

Most Popular of International News

Most Popular of NEWS