BEC-TERO TV

Covid-19 သည် H1N1 ထက် (၁၀) ပို၍လူကိုသေစေနိုင်ကြောင်း WHO ပြောကြား

14 Apr 2020     1,646 Views


ယခုလက်ရှိ ကမ္ဘာကြီးတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် Covid-19 သည် ၂၀၀၉ ခုနှစ်က တစ်ကမ္ဘာလုံးကို ခြောက်ခြားသွားစေခဲ့သည့် ဝက်တုပ်ကွေး (သို့မဟုတ်) H1N1 ထက် လူကို သေစေနိုင်မှုအန္တရာယ် (၁၀)ဆ ပို၍ မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ပြောကြားလိုက်သည်။

WHO ၏ မှတ်တမ်းအရ H1N1 ကို မက္ကဆီကိုနိုင်ငံတွင် ပထမဦးဆုံး စတင်တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လတွင် အမေရိကန်နိုင်ငံမှာ တွေ့ရှိခဲ့ရပါတယ်။ H1N1 ကြောင့် ကမ္ဘာတစ်ဝှမ်း လူပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်။ လက်ရှိဖြစ်ပွားနေသော Covid-19 သည် H1N1 ထက် ၁၀ ဆ လူကိုသေစေနိုင်သည့်အတွက် ကုသနိုင်သည့် ဆေးပေါ်ပေါက်လာရန် အလွန်အရေးကြီးနေကြောင်း WHO က ၂၀၂၀ ဧပြီလ ၁၃ ရက် တနင်္လာနေ့တွင် အသိပေးပြောကြားလိုက်သည်။

“ကျွန်တော်တို့အားလုံး ကမ္ဘာပေါ်မှာ ဖြစ်ဖူးသမျှတွေထဲက အဆိုးဆုံးအခြေအနေရဲ့ အလယ်မှာ ရောက်နေကြပါတယ်”

ဗိုင်းရပ်စ်အသစ်ဟာ တစ်ကမ္ဘာလုံးကို ပြန့်နှံ့နေပြီး လက်ရှိမှာ လူပေါင်း ၁၁၅,၀၀၀ နီးပါးသေဆုံးနေပြီး ကူးစက်ခံထားရသူ ၁.၈ သန်းကျော်ရှိနေကြောင်း WHO ၏ အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျနီဗာက ကနေ ပြောကြားလိုက်ကြောင်း The Star သတင်းတွင် ဖော်ပြထားသည်။

“Covid-19 ဟာ ပြန့်နှံ့မှု မြန်နေပါတယ်၊ ကျွန်တော်တို့ သိထားသလောက် ၂၀၀၉ တုပ်ကွေး ကပ်ရောဂါထက် လူကိုသေစေနိုင်မှု ၁၀ ဆ ပြင်းထန်ပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိမှာတော့ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်ဟာ အိမ်ထဲမှာသာ နေကြပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တတ်နိုင်သလောက် လျော့ချထိန်းချုပ်နေကြပါတယ်။ သို့သော်ငြားလည်း တစ်ကမ္ဘာလုံး ချိပ်ဆက်မှုတွေရှိနေတာကြောင့် ရောဂါတစ်ဖန် ဆက်လက်ဖြစ်ပွားဖို့ အန္တရာယ်လည်းရှိကြောင်း၊ ရှင်းအောင်ပြောရရင် ရောဂါပိုးဟာ ပြန့်နှံ့မှု မြန်ဆန်သလောက် ပျောက်ကင်းသက်သာ လျော့ကျမှုမှာ အလွန်ပင်နှေးကွေးနေကြောင်း ဒါကြောင့်မို့ ရောဂါထိန်းချုပ်ရေး အစီအမံများကို လျော့ချရာတွင် ဖြည်းဖြည်းခြင်းသာ ထိန်းကျောင်း လုပ်ဆောင်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

WHO အနေနဲ့ ရောဂါကုသနိုင်သည့် ဆေးကသာလျှင် Covid-19 ကပ်ရောဂါအတွက် အဖြေဖြစ်ကြောင်း ယုံကြည်ထားပြီး ဗိုင်းရပ်စ်ပြန့်နှံ့နိုင်မှုကို လုံးဝဖျက်ဆီးထိန်းချုပ်နိုင်သည့် ဆေးအမြန်ဆုံး ဖော်နိုင်ရန် အသိပေးလိုက်ပါတယ်။ ထိုးဆေးမျိုး ပေါ်ပေါက်လာရန် နောက်ထပ် ၁၂ လကနေ ၁၈ လ ထိ ကြာမြင့်နိုင်မည်ဖြစ်ကြောင်း WHO က ခန့်မှန်း ယုံကြည်ထားသည်။

ယခုကဲ့သို့ Covid-19 ကပ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်တွင် လူတိုင်းက အိမ်ထဲမှာနေထိုင်ကြပြီး လိုက်နာရမည့် တစ်ဦးနဲ့တစ်ဦး အကွာအဝေး စတာတွေကို လိုက်နာကြပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှုကို ဝိုင်းဝန်းထိန်းချုပ်ဖို့လိုပါတယ်။


14 Apr 2020     1,646 Views




RELATED

Most Popular of International News

Most Popular of NEWS